
တောင်ကြီး ဇူလိုင်-၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ|ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများနှင့်အတူဇူလိုင်(၁)ရက်နံနက်(၉)နာရီကတောင်ကြီးမြို့၊မြို့တော်ခန်းမ၌ကျင်းပသောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအမှတ်စဥ် (၁/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ကြသည်။
အခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကသင်တန်းသားအုပ်ချုပ်ရေးမှူးများအနေဖြင့်ယခုသင်တန်းမှပို့ချသည့်သက်ဆိုင်ရာဘာသာရပ်အလိုက်သင်ခန်းစာများကိုစနစ်တကျလေ့လာ သင်ယူပြီးမိမိတို့၏လက်တွေ့လုပ်ငန်းခွင်နယ်ပယ်များတွင်အမြော်အမြင်ရှိမှု၊ဥာဏ်ပညာကြွယ်ဝမှု၊စိတ် ရင်းစေတနာကောင်းမွန်မှန်ကန်မှုတို့ဖြင့်ပေါင်းစပ်အသုံးချနိုင်ရန်မှာကြားလိုကြောင်း၊မိမိဒေသတွင်လုပ် ငန်းတာဝန်များထမ်းဆောင်ရာ၌ အဂတိတရားကင်းရှင်းပြီး အမိန့်နာခံမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ ဆက်ဆံရေးပြေပြစ်မှုတို့ဖြင့်ဒေသတွင်းဖြစ်ပွားတတ်သည့်အငြင်းပွားမှုများ၊ပြဿနာများကိုဖြေရှင်းသည့်အခါတည်ဆဲဥပဒေများအတိုင်းမှန်မှန်ကန်ကန်နှင့်တရားမျှတစွာဆောင်ရွက်ကြရန်လိုအပ်မှာဖြစ် ကြောင်း၊မိမိတို့ဒေသအကျိုး၊နိုင်ငံတော်အကျိုးကိုစွမ်းစွမ်းတမံထမ်းဆောင်နိုင်ကြသည့်ပြည်သူအားကိုးထိုက်သော အုပ်ချုပ်ရေးမှူးကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းတက်ရောက်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။အဆိုပါရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဥ်(၁/၂၀၂၆)သင်တန်းကိုတောင်ကြီးမြို့နယ်မှရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး(၇၅)ဦး၊ရပ်စောက်မြို့နယ်တွင်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး(၃၂)ဦးတက်ရောက်ကြပြီးသင်တန်းကိုဇူလိုင်လ(၁)ရက်မှ(၂၈)ရက်နေ့အထိနေ့စဥ်နံနက်(၉)နာရီမှညနေ(၃)နာရီအထိ သက်ဆိုင်ရာဘာသာရပ်အလိုက် နည်းပြများက စနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ် ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး