
တောင်ကြီး ဇွန်-၃၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊တာဝန်ရှိသူများနှင့်အတူဇွန်(၃၀)ရက်နံနက်ပိုင်းကတောင်ကြီးမြို့နယ်၊သံသဲကျေးရွာအုပ်စု၊သံလွန်းကျေးရွာ၌တောင်သူဦးရဲမော်၏လယ်မြေ(၅)ဧကတွင်ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို တက်ရောက်ကြည့်ရှုအားပေးကြသည်။
အခမ်းအနားတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကအဖွင့်အမှာစကားပြောကြားပြီးပြည် နယ်ဝန်ကြီးချုပ်၊ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးတို့ကဒေသခံတောင်သူများအား မျိုးစပါး၊ ဓာတ်မြေသြဇာတို့ကို ထောက်ပံ့ပေးအပ်ကြရာ တောင်သူများမှ လက်ခံရယူကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်စက်မှုလယ်ယာဦးစီးဌာနမှကူဘိုတာကောက် စိုက်စက်၊(၆တန်း)လက်ဆွဲကောက်စိုက်စက်၊(၈)တန်းသွားလက်ဆွဲမျိုးစေ့ချကိရိယာတို့ဖြင့်မိုးစပါးစိုက်ပျိုးသရုပ်ပြသနေမှုနှင့်စိုက်ပျိုးပြီးစီးသွားသည့်လယ်ယာစိုက်ခင်းတို့ကိုကြည့်ရှုအားပေးကြကြောင်းသိရှိရ သည်။
ထို့မှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်တောင်ကြီးမြို့၊ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ရှမ်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်ကြီးကြပ်မှုဖြင့်ကျင်းပသည့်၂၀၂၆ခုနှစ်ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားမှအားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြကာပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများကပြိုင်ပွဲဝင်အားကစားအသင်းများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြ သည် ။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကအမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး ပြိုင်ပွဲပထမရက်ပွဲစဥ်အဖြစ် လားရှိုးမြို့နယ်အသင်းနှင့် ကျောက်မဲမြို့နယ်အသင်းတို့ယှဥ်ပြိုင်နေမှုကိုကြည့်ရှုအားပေးကြသည်။အဆိုပါ၂၀၂၆ခုနှစ်ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံဘတ်စက်ဘောပြိုင်ပွဲကိုပြိုင်ပွဲဝင်အသင်း(၇)သင်းပါဝင်ယှဥ်ပြိုင်ကြပြီးပြိုင်ပွဲကိုဇွန်လ(၃၀)ရက်မှဇူလိုင်လ(၅)ရက်နေ့အထိယှဥ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး