ညောင်ရွှေ ဇွန်-၂၈
၂၀၂၆-၂၀၂၇ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ ကြာတောအခြေခံပညာမူလတန်းကျောင်းအတွက် ရန်ကုန်စေတနာမိတ်ဆွေများ၊ ပညာဒါနအလှူရှင်မှ တတစ်ထပ်ကျောင်းဆောင်သစ်နှင့် လွှဲပြောင်းပေးအပ်ပွဲဖွင့်ပွဲကို ဇွန်(၂၈)ရက်နံနက်(၉)နာရီက အဆိုပါကျောင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တာဝန်ရှိသူများနှင့် အလှူရှင်များ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများတက်ရောက်ကြသည်။
ဦးစွာ ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းအား အမွေးနံသာရည်ပက်ဖျန်းပေးကြသည်။
ထို့နောက် Grade-4မှ ကျောင်းသား၊ ကျောင်းသူလေးများမှ “ရွှေအင်းသူလေးဖိတ်ခေါ်သံ´´သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူကအဖွင့်အမှာစကား ပြောကြားပြီးရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားကာအထိမ်းအမှတ်အလံများပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့ကို ပညာဒါနအလှူရှင်တာဝန်ရှိသူတစ်ဦးမှပေးအပ်ပြီး ပြည်နယ်ပညာရေးဌာနသို့ ကျောင်းဆောင်သစ်စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ပညာရေးဌာန၊ တာဝန်ရှိသူတစ်ဦးနှင့် ကြာတောအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတို့က စေတနာမိတ်ဆွေများ၊ ပညာဒါနအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး အလှူရှင်များမှကျောင်းအတွက် ရန်ပုံငွေနှင့်ထောက်ပံ့ပစ္စည်းတို့ကို ပေးအပ်လှူဒါန်းပေးရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူ၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းများအားလှည့်လည်ကြည့်ရှု၍ ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြို့နယ်၊ ရေတန်းကျေးရွာသို့သွားရောက်ကာ ရေတန်းအခြေခံပညာမူလတန်းကျောင်းဆောင်သစ်အား ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျင်းဆောင်သစ် ကမ္ဗည်းမော်ကွန်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်ပက်ဖျန်းပေးကြသည်။
၎င်းနောက် ရေတန်းအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသူလေးများက “ရွှေအင်းသူလေးဖိတ်ခေါ်သံ´´သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူကအဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားသည်။
ဆက်လက်၍ ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အလံများပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ အင်းသားတိုင်းရင်းရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများအား ပညာအလှူရှင်တစ်ဦးမှပေးအပ်ပြီး ပြည်နယ်ပညာရေးဌာနသို့ ကျောင်းဆောင်သစ်စာရွက်စာတမ်းများကိုလွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ရေတန်းအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးတို့က ပညာဒါနအလှူရှင်ထံ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး အလှူရှင်များက ကျောင်းအတွက်ထောက်ပံ့ငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသားတစ်ဦးမှလက်ခံရယူ၍ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ရေတန်းအခြေခံပညာမူလတန်းကျောင်း ဆရာမများမှ ကပြဖျော်ဖြေကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး