
တောင်ကြီး ဇွန်-၂၅
အဆိုးရွာဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီအလုပ်ရုံဆွေးနွေးပွဲကို ဇွန်(၂၅)ရက်နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အဆိုးရွာဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှာရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးအဖွင့်အမှာစကား ပြောကြားပြီးအတွင်းရေးမှူး ဒေါ်သိန်းသိန်းမြင့်က လုပ်ငန်းစဥ်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြသည်။
၎င်းနောက် အခမ်းအနားတက်ရောက်လာသည့် ကော်မတီဝင်ဌာနဆိုင်ရာများမှ ရှင်းလင်းဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးနွေးကြကာ အဆိုးရွာဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးက နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး