
တောင်ကြီး ဇွန်-၂၄
ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့တွင် လမ်းအသုံးပြုသူများအားလုံး ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ သွားလာစေရေးအတွက် ဇွန်(၂၄)ရက်မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မစျေးကြီးရှေ့တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ရာတွင် အမှတ်(၁၈) ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမိုးကျော်ဟိန်းကဦးဆောင်၍ ယာဥ်ထိန်းရဲတပ်ဖွဲ့များ ယာဥ်ထိန်းရဲမေများမှ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မော်တော်ဆိုင်ကယ်များ၏ နောက်ဖက်တွင် ညအချိန်မြင်နိုင်သော တြိဂံရောင်ပြန်များ တပ်ဆင်ပေးခြင်း၊ ဆိုင်ကယ်စီးနင်းရာတွင် အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ မြဲမြံစွာဝတ်ဆင်စီးနင်းရန်၊ သုံးဦးထက်ပိုမိုစီးနင်းခြင်းမပြုရန်နှင့် လယ်ယာဘက်ယာဥ်ကြောမှ စီးနင်းရန်စသည့် အသိပညာပေးဘုတ်များကိုင်ဆောင်၍ အသိပညာပေးခြင်း၊ မော်တော်ယာဥ်မောင်းနှင်သူများအား အသက်ကယ်ထိုင်ခုံခါးပတ်ပတ်၍ မောင်းနှင်းရန်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး