
တောင်ကြီး ဇွန်-၁၉
ရက်(၁၀၀)စီမံချက်ဖြင့် အသက်(၁၀)နှစ်ကြား၊ အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံသားများကိုစိစစ်ရေးကတ်ပြားနှင့် UIDထုတ်ပေးခြင်းဖြင့် ပြည်သူများ လူမှုစီးပွား အဆင့်တိုးမြှင့်ရေးအတွက် အထောက်အကူရရှိရန်ရည်ရွယ်၍ ဇွန်(၁၉)ရက်နံနက် (၁၀)နာရီက တောင်ကြီးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား ၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် UIDထုတ်ပေးခြင်း ဆောင်ရွက်ပေးနေမှုကို ရှမ်းပြည်နယ် မိခင်းနှင့်ကလေးစောင့်ရှောက်မှုကြီကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းစိုးစိုးထွေးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်၍ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်ဆောင်ရွက်ပြီး ကတ်များကို ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းစိုးစိုးထွေး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ ဇနီး၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၏ ဇနီးနှင့် လူဝင်ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါနိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDထုတ်ပေးခြင်းကို အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ(၆၀၀)ဦးအား နှစ်ရက်သာ အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် တောင်ကြီးမြို့ပေါ်တွင် အမှတ်(၁) အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းများ ဆောင်ရွက်ပြီးစီးသွားပြီး ကျန်ရှိသည့်ကျောင်းများ၊ အေးသာယာ၊ ရွှေညောင်ရှိကျောင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အသက်(၁၈)နှစ်နှင့်အထက်၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဖွားသေစာရင်းများကိုလည်း ဌာနတွင် ဆောင်ရွက်ပေးနေကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး