
တောင်ကြီး ဇွန်-၁၂
ပညာရေးဝန်ကြီးဌာန၏ ရက်၁၀၀လုပ်ငန်းတွင်ပါဝင်သည့် အခြေခံပညာရေးဦးစီးဌာန ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ် ရှမ်းပြည်နယ် Football For School Launching Ceremony အခမ်းအနားကို ဇွန်(၁၂)ရက်နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်တာဝန်ရှိသူများ ကျောင်းသား၊ကျောင်းသူများ၊ နည်းပြများတက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးကအဖွင့်အမှာစကားပြောကြားပြီးကျောင်းသား၊ ကျောင်းသူလေးများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြကာပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှတ်(၁)နှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ရာတပ်ဖွဲ့နှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA မှ လှူဒါန်းသည့် NO-4 ဘောလုံးများအား MFF ကိုယ်စား တာဝန်ရှိသူများမှပေးအပ်လှူဒါန်းရာ ပြည်နယ်ပညာရေးမှူးမှ လက်ခံရယူကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် MFF“D´ ´Certificate Coaching Course တက်ရောက်ထားသည့် ကာယပညာဆရာများမှ ကျောင်းသား၊ ကျောင်းသူ အားကစားသမားများအား Football For School သင်ခန်းစာများ လက်တွေ့ သရုပ်ပြ သင်ကြားပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံကြီး၌ လူဝင်မီုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁)နှစ်မြောက် နှစ်ပတ်လည် နေ့အထိမ်းအမှတ် ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်း (၃၄)ဦးမှ စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေး၍ အာဟာရပြည့်စားသောက်ဖွယ်ရာများ အပ်ခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး