
တောင်ကြီး ဇွန်-၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏(၄/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဇွန်(၅)ရက်မွန်းတည် (၁၂)နာရီခွဲကရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ပြည်နယ်ဝန်ကြီးများ၊တိုင်းရင်းသားရေးရာဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်စာရင်းစစ်ချုပ်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများတက်ရောက်ကြသည်။
ဦးစွာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကအဖွင့်အမှာစကားပြောကြားပြီးတက်ရောက် လာကြသည့်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများဖြစ်သည့်တောင်ကြီးခရိုင်၊ကလောခရိုင်၊လွိုင်လင်ခရိုင်၊နမ့်စန်ခရိုင်၊မိုင်းရှူးခရိုင်၊လင်းခေးခရိုင်၊ကျိုင်းတုံခရိုင်၊မိုင်းယန်းခရိုင်၊မိုင်းဆတ်ခရိုင်၊မိုင်းတုံခရိုင်၊တာချီလိတ်ခရိုင်၊မိုင်းယောင်းခရိုင်၊လားရှိုးခရိုင်၊တန့်ယန်းခရိုင်၊မူဆယ်ခရိုင်၊ကျောက်မဲ ခရိုင်၊မက်မန်းခရိုင်တို့မှဒေသဆိုင်ရာအချက်အလက်များရှင်းလင်းတင်ပြကြသည်။
ထို့နောက်သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများမှတင်ပြကြပြီးပြည်နယ်ဝန်ကြီးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများကလိုအပ်သည်များဆွေးနွေးတင်ပြ၍အထွေထွေဆွေးနွေးကြပြီးပြည်နယ်ဝန်ကြီးချုပ်ကနိဂုံးချုပ်စကားပြောကြားရာတွင်စိုက်ပျိုးရေး၊မွေးမြူရေး၊ ပညာရေး၊ကျန်းမာရေးကဏ္ဍများတွင်လည်းအားလုံးကဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန်ပြောကြားသွားကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး