တောင်ကြီး ဇွန်-၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဇွန်(၂)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့နယ် အေးသာယာစက်မှုဇုန်ရှိ ဒေသထွက်ပဲပုပ်နှင့် ပြောင်းတို့ဖြင့်ပြုလုပ်သည့် တိရစ္ဆာန်အစာထုတ်လုပ်နေမှုအား သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ဦးစွာ Super Win Feed Millပိုင်ရှင် ဒေါက်တာအောင်လင်းဝင်းမှ ကြက်စာ၊ဝက်စာ အစာစပ်စက်ရုံတည်ထောင်ခဲ့ပုံနှင့် စက်ရုံလုပ်ငန်းများ၊ ဒေသထွက်ပဲပုပ်ပြောင်းတို့ဖြင့် အစာစပ်စက်ရုံလည်ပတ်နေမှုအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ကုန်ကြမ်းဖြစ်သည့် ပဲပုပ်စိုက်ပျိုးမှုသည် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုသလို တိရစ္ဆာန်အစာကုန်ကြမ်းအဖြစ်လည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုက်သည့်အတွက် ပဲပုပ်စိုက်ပျိုးမှုအား ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိရန်အတွက် စိုက်ပျိုးရေးဌာနမှလည်း တောင်သူများနှင့်ပေါင်းစပ်ညှိနိုင်း ကြိုးစားဆောင်ရွက်သင့်ကြောင်း၊ လိုအပ်သည့်ကုန်ကြမ်းများအား ပြည်ပမှမဝယ်ယူဘဲ ဒေသအတွင်း၌ဖူလုံအောင် စိုက်ပျိုးထုတ်လုပ်သွားရန် အဓိကလိုအပ်ပါကြောင်း စက်ရုံအတွင်းရှိ ပဲပုပ်ပေါင်းစက်အား တန်ချိန် ပိုမိုထုတ်လုပ်နိုင်သည့်အဆင့် ရောက်ရှိအောင်ပြုလုပ်သွားသင့်ကြောင်း ပြောကြားခဲ့ပြီး စက်ရုံတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဖွဲ့သည် ဒေသထွက်ပဲပုပ်နှင့်မြေပဲဖြင့် ထုတ်လုပ်လျက်ရှိသည့် ရွှေညီကိုမြေပဲဆီစက်ရုံနှင့် သိန်းရတနာပဲပုပ်ဆီစက်တို့ကိုကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး