
ပင်းတယ မေ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ” မြတ်ရတနာ ” ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ပညာရေးဌာနမှ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် (ဒေသအဆင့်) နှင့်(မြို့နယ်အဆင့်)တို့ပူးပေါင်း၍ ရက် (၁၀၀)အတွင်း ကျောင်းသား/သူများဘက်စုံပညာဖွံ့ဖြိုးရေးအတွက်ပြုစုပျိုးထောင်နိုင်ရန် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းကိုဖွင့်လှစ်သည်။
ဦးစွာ ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးထိန်လင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ထိုနောက်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ အခြေခံပညာကျောင်းများတွင်ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်သွားမည် အခြေအနေများကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးက အခြေခံပညာစာသင်ကျောင်း
များတွင် နိုင်ငံသားစီစစ်ရေးကဒ်ပြားပြုလုပ်ပေးသွားမည်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း
ပြောကြားသည်။ဆက်လက်၍ ဒေသပညာရေးမှူးကသင်တန်းဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်နှင့်ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါသင်တန်းအား မေလ ၁၈ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ သင်တန်းနည်းပြ ၁၂ ဦးဖြင့်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး၊ သင်တန်းသို့ ထက်၊ လယ်၊ မူ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး ၁၂၀ ဦး၊လက်ထောက်ဆရာ၊ ဆရာမ ၁၂၀ ဦးတက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့