
ပင်းတယ မေ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာအုပ်စု၊ မြင်းမူး(Smart village)ကျေးရွာရှိဘက်စုံသုံး ” သီရိရတနာ ” ခန်းမတွင် ယနေ့နံနက် ၁၀နာရီ အချိန်က ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ် အစိုးရသစ်လက်ထက်ရက်(၁၀၀)စီမံ ချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ” မွေးမြူရေးသင်တန်း ” ဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။
ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားပေးရာ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပြည်သူများ၏လူမှု ဘဝစဉ်ဆက်မပြတ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြို့ပြနှင့်ကျေးလက်ဒေသများအကြား ကွာဟချက် ကျဉ်း မြောင်းလာစေရေးတို့အတွက် မဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများမှ မွေးမြူရေးနှင့်သက်ဆိုင်သည့် သင်ရိုးညွှန်းတမ်းစာအုပ်များကို ပေးအပ်ရာ သင်တန်းသား/သူများကလက်ခံရယူသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍လည်းကောင်း ၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သင်တန်းဆရာက သင်တန်းပို့ချမည်ဘာသာရပ်များကိုရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းအား မေလ ၁၉ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊သင်တန်းသူစုစုပေါင်း ၂၀ ဦးတက်ရောက် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့