ပင်လောင်း မေ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြိုနယ်တွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေးလုပ်ငန်း စက်ချုပ်နည်းပညာသင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အတွင်းရေးမှူး(၁) ရဲမှူးစိုးမိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူး ဦးဝင်းကျော်မျိုးက အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများကို မှတ်ပုံတင်ပေးခြင်း၊ အသေးစားစက်မှုလက်မှု အသက်မွေးဝမ်းကျောင်းသင်တန်းများအခမဲ့သင်‌ကြားပို့ချပေးခြင်းနှင့် ကျေးလက်နေပြည်သူများ တက်ဖက်တစ်လမ်း ဝင်ငွေတိုးပွားစေရေးအတွက် စီမံကိန်းဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အတွင်းရေးမှူး(၁) ရဲမှူး စိုးမိုးထွန်းက သင်တန်းသုံးကုန်ကြမ်းပစ္စည်းများပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးက လက်ခံရယူပေးခဲ့ကြောင်း၊ ယင်းနောက် အခမ်းအနားသို့ တက်ရောက်သည့် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား များနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ ရပ်ကွက်/‌ကျေးရွာများမှ သင်တန်းသူ(၁၀)ဦးတို့အား သင်တန်းဆရာနှစ်ဦးဖြင့် သင်တန်းကာလ တစ်လကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့