ကျိုင်းတုံ မေ-၁၅
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးအဖွဲ့ အတွင်းရေးမှူး၊လွှ တ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ မေ(၁၄)ရက်ကနံနက်ပိုင်းက ကျိုင်းတုံမြို့နယ်ဝမ်ဟကျေးရွာတွင် အုတ်ကြွပ်အမိုးပြားစက် ထားရှိမည့်နေရာသို့ သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သမဝါယမနှင့်ကျေးလက်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်ကလို အပ်သည်များ ဖြည့်စွက်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အုတ်ကြွပ်အမိုးပြားထုတ်လုပ်စက်နှင့် ဒေသခံပြည်သူမှ လက်လုပ် အုတ်ကြွပ်အမိုးပြား ဆောင်ရွက်နေမှုကိုကြည့်ရှုအား ပေးခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်တွင် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုအဖြစ် ဒေသခံတောင်သူများ၏ ကျွဲ၊ နွားများကို ကာကွယ်ဆေးထိုးပေးနေမှုကို သွားရောက်ကြည့်ရာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ကာကွယ်ဆေထိုးနှံမှုနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျွဲ၊ နွားများ ကာကွယ်ဆေးထိုးပေးနေမှုကို ကြည့်ရှုအားပေး၍ ဒေသခံပြည်များအား ပြည်နယ်ဝန်ကြီးချုပ်က ဆေးကတ္တရာနှင့် ကြက်လည်လိမ်ရောဂါကာကွယ်ဆေး အိုင်တူးမျက်စဥ်းတို့ကို ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းပျဥ်းမြို့နယ် ပန်တားလေကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြက်လည်လိမ်ရောဂါကာကွယ်ဆေး-အိုင်တူးမျက်စဥ်းခတ်ခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကြက်လည်လိမ်ကာကွယ်ဆေး အိုင်တူးမျက်စဥ်းခတ်နှင့်အသိပညာပေး စာစောင်တို့ကို ထောက်ပံ့ပေးအပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ လက်ခံရယူကြသည်။
ယင်းနောက် မေ(၁၅)ရက်နံနက်(၇)နာရီခွဲက ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် မိုင်းပျဥ်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးမင်းကျော်က မိုင်းပျဥ်းမြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ တင်ပြရှင်းလင်းပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ မိုင်းပျဥ်းမြို့၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များ တင်ပြကြသည်။
ဆက်လက်၍ အထွေထွေဆွေးနွေးကြရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပန်းတိုင်အထွက်နှုန်းတိုးတက်ရေးနှင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်ရေးနှင့် တန်းစဥ်ကူးပြောင်းတို့ကို သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးသွားသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပန်းတိုင်အထွက်နှုန်း တိုးမြှင့်ရေးဆောင်ရွက်ပေးရန်၊ ဆီဖူလုံမှုရရှိအောင် စိုက်ပျိုးသီးနှံအပေါ်မှုတည်၍ ထွက်ရှိမှုကိုသိရှိလိုပါကြောင်း၊ ဆီဖူလုံမှုရရှိအောင် လိုအပ်ချက်များကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့ထောက်ပံ့ပေးရမည်ကို သိရှိလိုပါကြောင်း၊ ပန်းတိုင်အထွက်နှုန်း ကောင်းရေးအတွက်တောင်သူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒေသနှင့်ကိုက်ညီသည့်မျိုးများကို စမ်းသပ်စိုက်ပျိုး၍ တောင်သူများနှင့်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးရန် လိုအပ်ပါကြောင်း၊ ပညာရေးကဏ္ဍတွင်လည်း ကျောင်းနေအရွယ်ကျောင်းနေနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် တန်းစဥ်ကူးပြောင်းမှုတွင်လည်း တိုးတက်အောင်အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ ဒေသထွက်ကုန်လုပ်ငန်း အလတ်စား၊ အငယ်စား၊ အသေးစား MSMEထုတ်ကုန်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးတင်ပြချက်အပေါ် ပြောကြားသွားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းပျဥ်းမြို့၊ ပန်းဆန်းရပ်ကွက်၊ မဟာဗန္ဓုလမ်းကွန်ကရစ်ခင်းခြင်း ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုရာ မြိုနယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့