မိုင်းပန် မေ-၁၂
မကြာမီကာလတွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ စာသင်ကျောင်းများ သန့်ရှင်းသပ်ရပ် သာယာလှပစေရေးအတွက် မေ(၁၂)ရက်နံနက်(၇)နာရီခွဲက လင်းခေးခရိုင်၊ မိုင်းပန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် မိုင်းပန်အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ခန်း၊ ကွန်ပျူတာခန်းမ၊ ကျောင်းစာကြည့်တိုက်များ၊ သိပ္ပံလက်တွေ့ခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်း၏ လိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့်များကို ဖြည့်ဆည်းဆောင်ရွက်ပေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ မြို့မအုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ခုနှစ် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်ခြင်း ကွင်းသရုပ်ပြသမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းတုံမြို့၊ နောင်ပါးရပ်ကွက်တွင် ရက်(၁၀၀)စီမံချက်တွင်ပါဝင်သည့် ရေစီးရေလာကောင်းမွန်ရေးအတွက် စည်ပင်သာယာရးဌာနမှ ရေမြောင်းအတွင်းရှိ အမှိုက်နှင့်မြေကြီးများ ဆယ်ယူနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်နေပြည်သူများကလည်း မိမိအိမ်ရှေ့ရှိရေနုတ်မြောင်းအတွင်းရှိ အမှိုက်နှင့်မြေကြီးများကို ဆယ်ယူနိုင်ရန်အတွက် ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုင်းတုံမြို့၊ အခြေခံပညာထက်တန်းကျောင်း၌ ကျောင်း၌ကျောင်းသား၊ ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရက်(၁၀၀)စီမံချက် နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် Unique Identity(UID)ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဆောင်ရွက်ပြီးသွားသည့် နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် Unique Identityများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ကျောင်းသား၊ ကျောင်းသူများအား အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် မိုင်းတုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် မိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသလိုအပ်ချက်များ ရှင်းလင်းတင်ပြပြီး လွှတ်တော်ကိုယ်သားလှယ်များနှင့် တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြရာ ဒေသလိုအက်ချက်များကို ပြည်နယ်အစိုရအဖွဲ့အတွင်းရေးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးသွားကြောင်းသိရသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက မြို့များ၏လိုအပ်ချက်များကို ကြည့်ရှုစစ်ဆေး၍ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြို့၏လိုအပ်ချက်များကို တင်ပြဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်း၊ ယခုတင်ပြဆွေးနွေးသွားသည့် အချက်များကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှသာ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် နိဂုံးချုပ်စကား၌ ပြောကြားသွားသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့