ညောင်ရွှေ မေ-၁၀
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးတို့သည် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပညာရေးဌာနဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူရည်ချွန်မောင်မယ်များနှင့်အတူ မေ(၉)ရက်ညနေ(၆)နာရီက ကလောခရိုင်၊ ညောင်ရွှေမြို့နယ် ခေါင်တိုင်အင်းလေးလူရည်ချွန်စခန်း မြက်ခင်းပြင်၌ကျင်းပသော ၂၀၂၆ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း ဂုဏ်ပြုညစာစားပွဲနှင့် စခန်းသိမ်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း မြက်ခင်းပြင်တွင်(Grade – 10)ဒသမတန်း ဘက်စုံပညာထူးချွန်ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များကို ဂုဏ်ပြုညစာစားပွဲဖြင့် ဂုဏ်ပြုနိုင်ရေးနှင့်စခန်းသိမ်းပွဲအတွက် အဖက်ဖက်က ဝိုင်းဝန်းကူညီပေးခဲ့သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းကို လာရောက်ကြသည့် လူရည်ချွန်များ၊ ကြီးကြပ်ဆရာ၊ ဆရာမများကို ကြိုဆိုခြင်းမှအစပြု၍ ယနေ့ဂုဏ် ပြုညစာစားပွဲနှင့် စခန်းသိမ်းပွဲတိုင်အောင် ကြားကာလ၏ လုပ်ငန်းအသီးသီးမှာ စေတနာထားပြီး အဖက်ဖက်ကပြည့်စုံအောင် ဆောင်ရွက်ပေးခဲ့ကြသည့် ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ စခန်းမှူး၊ စခန်းရုံးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူအားလုံးကို ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုကြောင်း၊ လူရည်ချွန်မောင်မယ်များအတွက် မှာကြားလိုတာကတော့ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှာ နေထိုင်ကာလအတွင်း လေ့လာတွေ့ရှိခဲ့သည့် အချက်အလက်များကိုမှ တ်မိရုံသာမက တွေးတတ်၊ ခေါ်တတ်၊ စိစစ်တတ်ပြီး ကြောင်းကျိုးဆက်စပ် စဥ်းစားတတ်ရမည်ဖြစ်ကြောင်း၊ လူရည်ချွန်မောင်မယ်များအနေဖြင့် ထူးချွန်ထက်မြက်သူများ ဖြစ်တာနှင့်အညီ ကောင်းမြတ်ဖြူစင်သည့် စိတ်ဓါတ်များရှိရမည့်အပြင် လေးစားမြတ်နိုးအပ်သော ပုဂ္ဂိုလ်များ၏ စိတ်သဘောထား အပြုအမူများကို နမူနာယူပြီး တစ်ချိန်မှာနိုင်ငံအတွက် တန်ဖိုးရှိသူများဖြစ်ရမည်ဆိုသည့် ယုံကြည်ချက်ထားရှိရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်အုပ်ချုပ်သူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက Crystal trophyနှင့် တိုင်းရင်းသားရိုးရာဝတ်စုံ လက်ဆောင်ပစ္စည်းများပေးအပ်ရာ လူရည်ချွန်မောင်မယ်နှင့် တာဝန်ရှိသူများမှ လက်ခံရယူကြသည်။
၎င်းနောက် လူရည်ချွန်မောင်မယ်များအားလုံး၏ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ မောင်မြင့်မြတ်မောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုညစာစားပွဲ တည်ခင်းဧည့်ခံ၍ ဖျော်ဖြေရေးအစီအစဥ်များဖြင့် ညောင်ရွှေမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများမှ ကပြဖျော်ဖြေကြကြောင်း သိရသည်။
ယင်းနောက် ကချင်ပြည်နယ် လူရည်ချွန်မောင်မယ်များမှ ဂျိန်းဖောအကဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)တို့မှ လူရည်ချွန်မောင်မယ်များမှ ၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် သီချင်းပြိုင်ပွဲ ပထမဆုရ သီချင်းဖြင့် ကပြဖျော်ဖြေကြပြီး ဒေသခံအဆိုတော်များက တေးသီချင်းများဖြင် ဧည့်ခံဖျော်ဖြေကြသည်။
ဆက်လက်၍ အထူးအစီအစဥ်ဖြင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့် လူရည်ချွန်(၁၉၆၄-၁၉၈၈)ဗဟိုအဖွဲ့မှ ဥက္ကဋ္ဌဥဦးစိုးမြင့်တို့က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း၊ လူရည်ချွန်(၁၉၆၄-၁၉၈၈)ဗဟိုအဖွဲ့မှ ပါမောက္ခဒေါက်တာဥာဏ်ဝင်းကျော်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးစိန်ထွေးတို့က ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်နန်းခမ်းလူအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့