ညောင်ရွှေ ဧပြီ-၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဧပြီ(၂၃)ရက်မွန်းလွဲ(၁)နာရီက ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စုတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနပူးပေါင်း၍ နွေစပါးစိုက်တောင်သူများအား စက်သုံးဆီရောင်းချပွဲနှင့် မြေသြဇာကြဲပက်ပွဲ၊ နေကြာစိုက်တောင်သူများအား မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက နိုင်ငံတော်အစိုးရသစ်၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များအနက် တောင်သူလယ်သမားများကို ချေးငွေနှုန်းထားတိုးမြှင့်ရေး စီမံချက်အနေဖြင့် ချေးငွေများ တိုးမြှင့်ထုတ်ပေးမည်ဖြစ်၍ စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတို့အား (၃)သိန်းကျပ်အထိ အခြားသီးနှံ(၁၈)မျိုးကို (၂)သိန်းခွဲကျပ်အထိ ပန်းနှမ်းဆီမုန်ညှင်း၊ ဂုံလျှော်တို့အား (၁)သိန်းခွဲကျပ်အထိ တိုးမြှင့်ချေးပေးမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာချေးငွေအား ကျပ်သိန်း(၃၀၀၀)အထိ တစ်ကဏ္ဍ၊ ကျပ်သိန်း(၃၀၀၀)အထက်ဖြစ်ပါက တစ်ကဏ္ဍပေးမည်ဖြစ်ကြောင်း တောင်သူများကို သတင်းကောင်းပါးချင်ပါကြောင်း၊ လက်ရှိကမ္ဘာတစ်ဝှမ်းတွင် စက်သုံးဆီအခက်အခဲ ကြုံတွေ့နေရသဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် နွေစပါးစိုက်ပျိုးသော တောင်သူများ၏ စပါးစိုက်ပျိုးရန် မြေပြုပြင်ခြင်း မပြုလုပ်ရသေးသော စိုက်ဧကများအတွက် တစ်ဧကလျှင် ထွန်ယက်ဆီ(ဒီဇယ်)တစ်ဂါလံနှုန်းဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ်၊ ကျေးရွာအရောက် ဆီသယ်ယာဥ်ဖြင့် တောင်သူလက်ဝယ်အရောက် တစ်ဂါလံ(၁သောင်းကျပ်)နှုန်းဖြင့် လက်ငင်းငွေချေစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ပါကြောင်း၊ နွေစပါးစိုက်တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းများ အချိန်မှီဆောင်ရွက်နိူင်ရန်၊ သီးနှံများရိတ်သိမ်းခြင်း၊ သယ်ယူခြင်းလုပ်ငန်းစဥ်များ အဆင်ပြေချောမွေ့စေရန် သွင်းအားစုဓာတ်မြေသြဇာများ အချိန်မှီထည့်သွင်းအသုံးပြုနိုင်ရန် သဘာဝမြေသြဇာနှင့် ရောစပ်သုံးစွဲထည့်သွင်းနိုင်ရန်သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စက်သုံးဆီနှင့်မြေသြဇာများ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း နွေစပါးစိုက်ဧရိယာများအတွက် ပထမအကြိမ်အနေဖြင့် ၂၈၀၀ဂါလံဆန့်ကား (၃)စီးရောက်ရှိမည်ဖြစ်ပြီး ညောင်ရွှေမြို့နယ်သို့ကား(၁)စီး၊ တောင်ကြီးမြို့နယ်သို့ကား(၁)စီး၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ကား(၁)စီး ရောက်ရှိဖြန့်ဖြူးသွားမည့်ဖြစ်ပါကြောင်း၊ နွေစပါးစိုက်တောင်သူများအေနဖြင့် မြေယာပြုပြင် ထွန်ယက်ရေးအတွက်သာမက ရေတင်ခြင်း၊ ရိတ်သိမ်းချွေလှေ့ခြင်းလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက နေကြာစိုက်တောင်သူများအား မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်းနှင့် နွေစပါးစိုက်တောင်သူများအား စက်သုံးဆီ ဖြန်ဖြူးပေး၍လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် အင်းတိုင်းရင်းသားဝန်ကြီးတို့က နေကြာစိုက်တောင်သူများအား မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက တောင်သူဒေါ်လှမြိုင်စိုက်ပျိုးထားသည့် နွေစပါးစိုက်ခင်းတွင် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောစပ်ကြဲပက်နေမှု၊ သဘာဝမြေသြဇာ ရောစပ်နေမှုကိုလည်းကောင်း၊ မျိုးစေ့၊ မြေသြဇာနှင့် သီးနှံကာကွယ်ရေးဆိုင်ရာပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကိုလည်းကောင်း၊ လယ်ယာသုံးစက်ကိရိယာများတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နွေစပါးစိုက်တောင်သူများအား စက်သုံးဆီ ဖြန့်ဖြူးရောင်းချပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။
အလားတူ ဧပြီ(၂၃)ရက်နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ဝမ်ပုံကျေးရွာ ပုံးအင်းကျေးရွာအုပ်စုတွင် နွေစပါးစိုက်တောင်သူများအား စက်သုံးဆီနှင့်ဓာတ်မြေသြဇာ ရောင်းချပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်တို့က အမှာစကားပြောကြာကြပြီး တောင်ကြီးခရိုင် ဆည်မြောင်းလက်ထောက်ညွှန်ကြားရေးမှူးမှ နမ့်တဘက်ချောင်း ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်မှုအခြေအနေအားရှ င်းလင်းတင်ပြခြင်း၊ စိုက်ပျိုးရေးဒေသဦးစီးမှူး ဒေါ်သက်သက်အေးမှ နွေစပါးပန်တိုင်း အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းတင်ပြပြီး တောင်သူ ဦးစိုင်းစံထူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ပုံးအင်း၊ ဘန်းယဥ်၊ နောင်မွန်အုပ်စုမှတောင်သူ၇၀၆ ဦး၊ နွေစပါး၁၈၅၂ ဧကအတွက်စက်သုံးဆီ ဂါလံ၁၈၅၂ ဂါလံအား၁ ဂါလံလျှင်၁၀၀၀၀ကျပ်နှုန်းဖြင့် ရောင်းချနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
၎င်းနောက် ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မနက်ပိုင်းက ကျောက်တလုံးကြီးမြို့၊ တွန်မုန်းဘုန်းတော်ကြီးကျောင်း၌ နွေစပါးစိုက်တောင်သူများ အား စက်သုံးဆီရောင်းချပွဲ အခမ်းအနား သို့တက်ရောက်ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကျောက်တလုံးကြီးမြို့၊ အသုံးတော်အုပ်စု ၊တွန်မုန်း ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီးကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။
ထို့နောက် နွေစပါးစိုက်တောင်သူများအား စက်သုံးဆီရောင်းချပွဲ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က နွေစပါးစိုက်တောင်သူများအား စက်သုံးဆီများ အသီးသီးဖြန့်ဖြူးရောင်းချပေးကြပြီး တက်ရောက်လာသော တောင်သူတစ်ဦးမှကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် နွေစပါးစိုက်တောင်သူများအား စက်သုံးဆီရောင်းချပေးနေမှုကို ကြည့်ရှုအားပေးပြီးပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် (V Fresh by Taunggyi farm) စိုက်ပျိုးရေးခြံသို့ သွားရောက်၍ အောင်မြင်စွာဖြစ်ထွန်းလျက်ရှိသည့် သီးပင်စားပင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက စိုက်ပျိုးရေးခြံနှင့်ပက်သက်သည်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်၊ ကျောက်တလုံးကြီးမြို့အတွင်း နွေစပါးစိုက်တောင်သူများအား စက်သုံးဆီ ရောင်းချပွဲတွင် စိုက်ဧကများအတွက် တစ်ဧကလျှင်ထွန်ယက်ဆီ (ဒီဇယ်) တစ်ဂါလံ (၁သောင်းကျပ်) နှုန်းဖြင့် တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချ ပေးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့