တောင်ကြီး ဧပြီ-၂၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ကျင်းပသော ၂၀၂၆ခုနှစ်၊ မူလတန်း ပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း (Main Course)သည် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဥ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လူ့စွမ်းအားအရင်းအမြစ်အပေါ်တွင် အခြေခံထားပြီး လူ့စွမ်းအားအရင်းအမြစ်ကို တည်ဆောက်ပေးရာတွင် ဆရာဆရာမများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါလှပါကြောင်း၊ ဆရာ၊ ဆရာမများ၏ သင်ကြားရေးစွမ်းဆောင်ရည် တိုးတက်စေရန် အထူးသဖြင့်(၂၁)ရာစုစွမ်းရည်များနှင့် ကိုက်ညီအောင် သင်ကြားရေးနည်းလမ်းများ တီထွင်အသုံးချခြင်းအတွက် စွမ်းရည်မြှင့်သင်တန်းများ ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ အင်္ဂလိပ်စာသည် ယနေ့ခေတ်တွင် နိုင်ငံတကာဆက်သွယ်ရေးအတွက် အရေးပါသော ဘာသာစကားတစ်ခုဖြစ်ပြီး နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိရာ မူလတန်းအဆင့်မှစတင်၍ ကျောင်းသား၊ ကျောင်းသူများကို အင်္ဂလိပ်စာကျွမ်းကျင်စွာ သင်ကြားပို့ချနိုင်ရန် ဆရာ၊ဆရာမများ၏ အရည်အသွေးမြှင့်တင်မှုမှာ မဖြစ်မနေလိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူတို့က သင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူတစ်ဦးတို့က လက်ခံရယူကြသည်။
၎င်းနောက် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဒေါ်ယဥ်မင်းစုမှ အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း (Main Course)နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြပြီး တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမြမြဝင်းက သင်ကြားရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါ မူလတန်းပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်သင်တန်း (Main Course)တွင် ဆရာ၊ ဆရာမ(၁၀၀)ဦး တက်ရောက်ကြပြီး သင်တန်းကို မေလ(၂၂)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့