တောင်ကြီး ဧပြီ-၂၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တာဝန်ရှိသူများနှင့်အတူ ဧပြီ(၂၄)ရက်မွန်းလွဲ(၃)နာရီ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသော ၂၀၂၆ခုနှစ် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူ မဟာမင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကဆုန်ညောင်ရေသွန်လောင်းပူဇော်ပွဲ၊ မင်္ဂလာအခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက နှစ်စဥ်ကျင်းပမြဲဖြစ်သော စူဠာမုနိလောကချမ်းသာဘုရား စေတီတော်တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် သံဃာ(၁၀၈)ပါး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ နှစ်စဥ်နှစ်တိုင်း ကျင်းပသည့်ပွဲဖြစ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ကော်မတီများအနေဖြင့် အခက်အခဲများရှိပါက ဦးစီးကော်မတီသို့တင်ပြပေးကြရန်နှင့် လိုအပ်သည်များရှိပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်သာသနာရေးမှူးမှ ပွဲတော်နှင့်စပ်လျဥ်း၍ ဆွေးနွေးတင်ပြသည်။
၎င်းနောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြကြပြီး အထွေထွေဆွေးကြကာ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ကနိဂုံးချုပ်အမှာစကားပြောကြားရာ လုပ်ငန်းကော်မတီအသီးသီး ဖွဲ့စည်းထားပြီးဖြစ်၍ ကော်မတီများအနေဖြင့် ဆောင်ရွက်နေကြလုပ်ငန်းများဖြစ်သောကြောင့် အခက်အခဲများရှိပါက တင်ပြပေးကြရန်နှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးစားပေးကြရန် ပြောကြားကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့