တောင်ကြီး မေ-၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်များ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ မေ(၅)ရက်မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသော ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စာမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာအသိပညာပေး ရှင်းလးဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုအဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို လက်ခံကျင်းပခြင်းအားဖြင့် ရှမ်းပြည်နယ်အတွင်းရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ အဂတိလိုက်စားမှုမြောက်နိုင်တဲ့ကိစ္စရပ်များ၊ နိုင်ငံတော်နစ်နာဆုံးရှုံးမှုကြောင့် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များကို သိရှိနားလည်နိုင်မှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုရဲ့ ဆိုးကျိုးသက်ရောက်မှုများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မှာဖြစ်သည့် အပြင်အဂတိလိုက်စားမှုဟာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အကောင်အထည်ဖော်ရာမှာ အဟန့်အတားပြုနိုင်တဲ့ ရောဂါဆိုးတစ်ခုလို့ ဆိုရမှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုဟာ “ကိုယ်ကျင့်တရားပျက်ယွင်းခြင်း”၊ နောက်တစ်နည်းဆိုရရင် အကျိုးအမြတ်တွက်ချက်ပြီး ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်ခြင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီရဲ့ အကျင့်စာရိတ္တတွေပျက်စီးလာပြီး မျှတမှုရှိတဲ့ယှဉ်ပြိုင်လိုစိတ်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကျဆင်းလာနိုင်ပြီး နိုင်ငံအနေနဲ့လည်း ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း၊ ပြည်သူများအကြား ဆင်းရဲချမ်းသာကွာဟမှုများခြင်း၊ ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်းတို့အပြင် နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုတွေကို ယိုယွင်းပျက်စီးစေနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်ကြုံတွေ့လာရမှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပွားလျက်ရှိနေပြီး လာဘ်ပေး လာဘ်ယူပြုလုပ်ခြင်းသာမက ခြိမ်းခြောက်ငွေညှစ်ခြင်း၊ နိုင်ငံပိုင်ငွေကြေးနဲ့ပစ္စည်းများကို အလွဲသုံးစားပြုလုပ်ခြင်း၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းတို့အပြင် မိမိသားသမီး၊ ဆွေမျိုး နဲ့ နီးစပ်ရာ ကောင်းစားရေးဝါဒ ကျင့်သုံးခြင်းတို့ကလည်း အဂတိလိုက်စားမှုပုံစံများ ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံရမယ့်အပြင် မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာလည်း ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမှာဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရှောင်ကြဉ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဆိုတာ အစိုးရရဲ့မူဝါဒများကို အကောင်အထည်ဖော်ရာမှာ အဓိကအရေးပါသူများဖြစ်သလို နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာမှာ အရေးပါတဲ့ ပေါင်းကူးတံတားသဖွယ် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူ/တာဝန်ခံမှု၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှုနဲ့ ကျောသားရင်သားမခွဲခြားဘဲမျှတစွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အဂတိကင်းရှင်းစွာ ဆောင်ရွက်ပေးပါက ဝန်ထမ်းများအပေါ် ပြည်သူများကယုံကြည်မှုရှိလာပြီး ဝန်ထမ်းများရဲ့ပုံရိပ် ကောင်းမွန်လာလာမှာဖြစ်ပါကြောင်း၊ အဂတိကင်းရှင်းတဲ့ နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနဲ့ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည်ဖော် တည်ဆောက်ကြရမှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုများ ပေါ်ပေါက်ကာမှစုံ စမ်းစစ်ဆေးအရေးယူခြင်း ထက်အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင်တားဆီး ကာကွယ်ရမှာဖြစ်တဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့လည်း အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ရာမှာ အသိပညာပေးရေးလုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသာမက အခြေခံပညာကျောင်းများမှာလည်း ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးကဏ္ဍစုံ၊ ထောင့်စုံမှထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နေတာကို တွေ့မြင်ကြမှာဖြစ်ပါကြောင်း၊ ယခုလို တိုင်းဒေသကြီး / ပြည်နယ်တွေမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် စိတ်စေတနာထက်သန်စွာနဲ့ လိုက်လံကျင်းပပေးနေတာကိုလည်း ကြိုဆိုအားပေးပါတယ်၊ ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှုတွေကို စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ရာမှာ မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး တိတိကျကျမှန်မှန်ကန်ကန် ဆောင်ရွက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဘက်စုံထောင့်စုံမှ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နေတာကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားလိုပါကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံတဲ့ လူမှုအသိုက်အဝန်းတစ်ခု ပေါ်ပေါက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပြည်သူလူထုအားလုံး လက်တွဲညီညီ ပါဝင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ယခုလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားများကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်သက်ဆိုင်တဲ့ အသိအမြင်များတိုးပွားလာမှာဖြစ်တဲ့အပြင် အဂတိလိုက်စားမှုများ လျော့နည်းသွားခြင်းဖြင့် ပြည်သူ့ဘဏ္ဍာများကို နိုင်ငံတော်နှင့်ပြည်သူများအတွက် အကျိုးစီးပွားဖြစ်ထွန်းစေမည့် နေရာတွေမှာ မှန်မှန်ကန်ကန်ခွဲဝေသုံးစွဲလာနိုင်မှာ ဖြစ်တဲ့အတွက် နိုင်ငံတော်နဲ့ပြည်သူများရဲ့ လူမှုစီးပွားဘဝတွေလည်း တိုးမြင့်လာမှာလည်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်မှာကျင်းပတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားသို့ တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ကလည်း ယခုအခမ်းအနားကနေရရှိမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းတဲ့ အသိအမြင်ဗဟုသုတများကို မိမိမှတဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေလုပ်ငန်းစဉ်မှာ မိမိကိုယ်တိုင် ပါဝင်ကြရန်နှင့် မိမိကစပြီးအဂတိလိုက်စားမှုကို ငြင်းဆိုဖို့တိုက်တွန်းပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက်များစွာ ပိုမိုကျယ်ဝန်းပါကြောင်း၊ ယုံကြည်အပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်းသည် အစိုးရဌာနများသာမက ပုဂ္ဂလိကလုပ်ငန်းများနှင့်ပါသက်ဆိုင်ပြီး လာဘ်ငွေအနည်းငယ် ပေးခြင်း၊ ယူခြင်းအပါအဝင် နိုင်ငံတော် ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုကိုထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်းနှင့် တံစိုးလက်ဆောင် ပေးခြင်း၊ယူခြင်းတို့သာမက လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ မလျှော်ဩဇာသုံးခြင်း၊ ဆရာမွေးခြင်း၊ တပည့်မွေးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ အပေါင်းအဖော် ကောင်းစားရေးအတွက် ဘက်လိုက်ခြင်း၊ ဆွေးမျိုးသားခြင်း ကောင်းစားရေးဝါဒ ကျင့်သုံးခြင်းအထိ ပါဝင်ပါကြောင်း၊ပု ဂ္ဂလိကအကျိုးစီးပွားအတွက် အများပြည်သူ အကျိုးစီးပွားကို မထိခိုက်စေရန် ပြုမူခြင်းသည် လူတိုင်းမှာ ထားရှိအပ်သည့် အခြေခံ ကိုယ်ကျင့်တရားဆိုင်ရာ စံတစ်ရပ်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် ကော်မရှင် တစ်ခုတည်း သို့မဟုတ် အစိုးရဌာနများကသာ လုပ်ဆောင်ရသည့် အလုပ်မျိုးမဟုတ်ဘဲ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အစုအဖွဲ့အလိုက်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ပါဝင်ဆောင်ရွက်ကြရမည့် အလုပ်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်စပ်လျဥ်း၍ လည်းကောင်း၊ ညွှန်ကြား ရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့