တောင်ကြီး ဧပြီ-၂၈
နွေရာသီကျောင်းပိတ်အားလပ်ရက်များတွင် လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ကိုရီးယားစကားပြော၊ ပန်းချီ၊ စစ်တုရင်သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ဧပြီ(၂၈)ရက်နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက နိုင်ငံတစ်နိုင်ငံ၏အရေးကြီးဆုံး လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြသော လူငယ်များကို နွေရာသီကျောင်းပိတ်အားလပ်ရက်များမှာ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အတွက်သင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် နိုင်ငံအတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတက်စေရန် ဗလငါးတန်နှင့် ပြည့်စုံသည့်လူသားအရင်းအမြစ်များ မဖြစ်မနေလိုအပ်သည်ဖြစ်၍ နိုင်ငံသားတိုင်းပညာရည်မြင့်မားရေး၊ အသိပညာ ဗဟုသုတတိုးတက်စေရေးကို နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ဆောင်ရွက်ပေးနေပါကြောင်း၊ ယခုလိုCommunity Centreမှာ နွေရာသီကာလအတွင်းဖွင့်လှစ်ခဲ့သည့် သင်တန်းများသည် လူငယ်တစ်ဦးချင်းစီတိုင်းအတွက် အလွန်အကျိုးရှိသည့် သင်တန်းများဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့်လည်း ဗလငါးတန်နှင့်ပြည့်စုံပြီး အနာဂတ်မှာနိုင်ငံတော်က အားကိုးအားထားပြုနိုင်သည့် နိုင်ငံ့သားကောင်းရတနာများ၊ သမီးကောင်းရတနာများဖြစ်အောင် မိမိကိုယ်ကိုကြိုးစားတည်ဆောက်သွားကြရန် ပြောကြားသည်။
ထို့နောက် နွေရာသီအခြေခံကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ကိုရီးယားစကားပြော၊ ပန်းချီ၊ စစ်တုရင်သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များ သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က အသီးသီးချီးမြှင့်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လူထုအခြေပြုဗဟိုဗဟိုဌာန (Community Centre)ရှိ သင်တန်းခန်းမ၊အားကစားခန်းမ၊Computer သင်တန်းခန်းကို လည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်နှင့် စာပေချစ်မြတ်နိုးသူများအသင်းမှာ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ကလေးစာဖတ်ခန်းတွင် ကလေးများမှ ရုပ်ပုံဆေးရောင်ချယ်နေမှုကိုလည်းကောင်းကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုနှင့်စာအုပ်လက်ဆောင်များပေး အပ်ခဲ့ကြောင်းသိရှိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသော ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၆ခုနှစ်) အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က၂၀၂၆ခုနှစ်အတွက် ချမှတ်ထားသည့်ကမ္ဘာလုံးဆိုင်ရာ ဆောင်ပုဒ်မှာ မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား (For Every Generation, Vaccines Work)ဖြစ်ပါကြောင်း၊ ဆောင်ပုဒ်၏ အဓိကရည်ရွယ်ချက်မှာ ကာကွယ်ဆေးသည် မိသားစုနှင့်လူမှုအသိုင်းအဝိုင်းများကို မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုဆီကို ဘေးကင်းလုံခြုံစွာနှင့် အသက်အန္တရာယ်မှကာကွယ်ပေးနိုင်ခဲ့ပြီး အနာဂတ်မှာ ဆက်လက်ကာကွယ်ပေးနေမည်ကို ပြည်သူလူထုတစ်ရပ်လုံး ကျယ်ကျယ်ပြန့်ပြန်သိရှိနားလည်စေရန်နှင့် ယုံကြည်မှုပိုမိုခိုင်မာလာစေရန် အသိပညာမြှင့်တင်ပေးရန်ဖြစ်ပါ ကြောင်းပြောကြားသည်။
ယင်းနောက် မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား Documentary Story ဗီဒီယိုပြသခြင်းနှင့် ၂၀၂၆ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် အထိမ်းအမှတ် မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကားတေးသီချင်းဗီဒီယိုကို ပြသကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခန်းကျင်းပသထားသည့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရက်သတ္တပတ် အထိမ်းအမှတ်ပြခန်းများအား လည်းကောင်း၊ ကလေးများအား ကာကွယ်ဆေးတိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးထိုးနှံပေးနေမှုတို့ကို ကြည့်ရှုအားပေးကြပြီး အမှတ်တရလက်ဆောင်နှင့် ကိုယ်ဝန်ဆောင်အားတိုးဆေးများ ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့