လားရှိုး ဧပြီ ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အား ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ အမှတ် ၁ သီရိမဟာရပ်ကွက်၊ နယ်မြေ ၆ ရှိ လွတ်လပ်ရေးပန်းခြံအတွင်း၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖြင့် စည်းကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများအား ယမန်နေ့ ကတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးမျိုးမင်းထွန်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများက လားရှိုးမြို့လွတ်လပ်ရေး ပန်းခြံအတွင်း၌ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ လမ်းလျှောက်သင်္ကြန်၊ ကော်ဖီသင်္ကြန်နှင့် စတုဒီတာဧည့်ခံကျွေးမွေးနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား မှာကြားခဲ့သည်။
အဆိုပါ လားရှိးမြို့၏ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက် ကျင်းပမည်ဖြစ်ပြီး ပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာဖြင့် ပျော်ရွှင်စွာ သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်၊ ကော်ဖီသင်္ကြန်၊ စတုဒီတာကျွေးမွေးဧည့်ခံခြင်း၊ ယိမ်းအကအလှများနှင့် တေးသံရှင် အဆိုတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့