မောက်မယ် ဧပြီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်စည်ပင်သာယာစျေးအတွင်း မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ကာလအတွင်း မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း နှစ်သစ်အကြိုအတာသင်္ကြန်အိုးများရောင်းအားသွက်လျက်ရှိ ကြောင်းသိ ရသည်။
“ကျွန်မကတော့ စျေးအတွင်း မြေအိုးများဖြစ်သည့် သောက်ရေအိုး၊ ပန်းအိုး၊ ဘုရားအိုး၊ မြူအိုး၊ ဆီမီးခွက်၊သင်္ကြန်အတာအိုးစသည့်မြေအိုးများကိုရောင်းချပါတယ် အိုးများကိုလင်းခေးမြို့နယ်၊ ဝမ်ဟတ် ကျေးရွာမှ မှာယူရောင်းချခြင်းဖြစ်ပါတယ်၊ သင်္ကြန်ကာလရောက်သည့်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်အိုးများကို အိမ်တိုင်းဝယ်ယူကြသည့်ဓလေ့ရှိရာသင်္ကြန်မရောက်မီ တစ်ရက်အလိုမှစပြီး အတာအိုးကိုရေသန့်စင်၍ ရာသီပေါ်ပန်းများဖြစ်သည့် မြေစာမြက်၊ ပန်းခြောက်၊ အောင်သပြေ၊ အုန်းညွန့်၊ လသာပန်းများထည့်၍ နှစ်သစ်ကိုကြိုဆိုလေ့ရှိပါတယ် ခုဆိုရင် အတာအိုးတစ်လုံးကို ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိရောင်းချနေပါတယ်ဟု”အတာသင်္ကြန်အိုးများရောင်းချသည့်စျေးဆိုင် ဒေါ်အောင်ကြည် ထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့