တန့်ယန်း  ဧပြီ  ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ် ကူး မဟာသင်္ကြန်ပွဲတော်အား ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ် ဖွင့်ပွဲ အခမ်းအနား အစမ်းလေ့ကျင့်ခြင်းနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းတို့အား ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများက ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းက ကြည့်ရှုခဲ့သည်။
၁၃၈၇ ခုနှစ် နှစ်သစ်ကူး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား အောင်မြင်စွာ ဆင်နွှဲကျင်းပနိုင်ရန် ဗဟိုမဏ္ဍပ် ဖွင့်ပွဲ အခမ်းအနားအတွက် အစမ်းလေ့ကျင့်ခြင်း၊ လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်များ၏ စတုဒီသာမဏ္ဍပ် ဆောက်လုပ်ပြင်ဆင်နေမှုများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုကာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။           

ရှမ်းပြည်နယ်အစိုးရအဖွဲ့