
တာချီလိတ် ဧပြီ ၈
( ၈ – ၄ – ၂၀၂၆ ) ရက်နေ့၊ (၀၉၃၀) နာရီအချိန်မှ (၁၁၀၀) နာရီအချိန်ထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်သော နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးမှ “နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး အားလုံးပူးပေါင်းပါဝင်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက “ရာသီဥတုပြောင်းလဲမှု၊ တောမီးနှင့် မီးခိုးမြူငွေ့တားဆီးကာကွယ်ရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ညွှန်ကြားရေး မှူးချုပ် ဒေါက်တာရဲတင့်ထွန်းက “မီးခိုးမြူငွေ့ကင်းစင်ဖို့ စိုက်နည်းစနစ်များ ပြောင်းကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့ပြီးနောက် တက်ရောက်လာသူများ၏ ဆွေးနွေး မေးမြန်းမှုများအပေါ် ညွှန်ကြား ရေးမှူးချုပ်များက ပြန်လည်ရှင်းလင်း တင်ပြခဲ့ပါကြောင်း တင်ပြအပ်ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့