
တန့်ယန်း ဧပြီ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အစိုးရသစ်လက်ထက် ပထမရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက်(၁၀)နှစ်နှင့် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျှက်ရှိရာ ဧပြီလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်နှင့် မြို့နယ် တို့မှ တာဝန်ရှိသူများသည် အမှတ်(၂) ရပ်ကွက်သို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် ဌာနဆိုင်ရာများ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သက်နှင့် မြို့နယ်ဦးစီးမှူး ဦးအမ်ဇော်နော်တို့က လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်းနှင့် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြား လာရောက် ဆောင်ရွက်နေသည့် အမှတ်(၂)ရပ်ကွက်မှ ဒေသခံပြည်သူများအား ခရိုင်အုပ်ချုပ်ရေး မှူးနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့