
ဧပြီလ ၃ ရက်
၂ . ၄ . ၂၀၂၆ ရက် (ကြာသပတေးနေ့) ၁၀၀၀ နာရီအချိန် မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ ( မြို့နယ်အုပ်ချုပ်ရေးမှူး ) ဦးမင်းသက်နိုင်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ (၁-၄-၂၀၂၆) ရက်နေ့၊(၀၉၀၀)နာရိအချိန် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အတွင်းရေးမှူးတို့နှင့် ကျင်းပပြုလုပ်ခဲ့သည့် Zoom Meetingအစည်းအဝေးလမ်းညွှန်ချက်များအပေါ်ဧပြီလအတွင်းစတင်ထွန်ယက်၊ စိုက်ပျိုးမည့် တောင်သူ များ အတွက်စက်သုံးဆီအခက်အခဲမရှိစေရေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဝင်များ၊ ၊မြို့နယ်အဆင့်စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်ဌာနဆိုင်ရာအကြီးအကဲများ၊ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူဦးကြီး များနှင့်တွေ့ဆုံပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ပါကြောင်းနှင့် အစည်းအဝေးသို့ ဖိတ်ကြားထားသူများအပါအဝင် စုစုပေါင်း (၄၂)ဦးခန့် တက်ရောက်ခဲ့ပြီး (၁၀၄၀) အချိန်တွင် ပြီးစီးခဲ့ ပါသည်။
ထို့နောက် (၁၄၀၀)အချိန် လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာအုပ်စု၊ နားကုန်းကျေး ရွာ၊ နားကုန်းပရိယတ္တိစာသင်တိုက်၌ (၂၆)ကြိမ်မြောက် လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့၊ မိုင်းပန်မြို့နယ် များရှိ ဓမ္မစကူးလ်သင်တန်းကျောင်း ပေါင်း (၃၀) ကျောင်း၊ သင်တန်းပြ ဆရာ/ ဆရာမပေါင်း(၃၀၄)ဦး၊ ကျောင်သား/ကျောင်းသူပေါင်း (၃၂၅၉)ဦးတို့ဖြင့် (၁၄-၃-၂၀၂၆)ရက်နေ့မှ (၂၀-၅-၂၀၂၆)ရက်နေ့အထိ (၂)လကျော်တိုင်တိုင် ပိတ်ရက်မရှိ သင်တန်းကျောင်ဖွင့်လှစ်မှုနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ် (၂၀၀)သိန်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက် နှင့် တာဝန်ရှိသူတို့သည် ဦးဆောင်ဆရာတော် ဘဒ္ဒန္တစာရိန္ဒ၊ နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင်၊ နားကုန်းပရိယတ္တိစာသင်တိုက်သို့ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့