ဧပြီလ ၂ ရက်
(၂-၄-၂၀၂၆)ရက်၊ (၁၀၀၀)အချိန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း လယ်ယာမြေများအတွက် လိုအပ်သော ဒီဇယ်ဆီများကို ပေးအပ်နိုင်ရေးအတွက် စာရင်းကောက်ယူ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ရပ်စောက်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းစိုးနိုင် (ပ/၅၆၂၇)နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် စာရေးများ စုစုပေါင်းအင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့