ပင်းတယ ဧပြီ ၁

‎ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်ဓမ္မာရုံ၌ ၂၀၂၅ ပြည့်နှစ်တွင် ကျင်းပပြီးစီးခဲ့သော အစိုးရပါဠိပထမပြန်စာမေးပွဲ(ကြီး၊လတ်၊ငယ်၊မှု) အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား ဆုချီးမြှင့်သည့်စူဠဘွဲ့နှင်းသဘင် အခမ်အနားကို ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။‎ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ကြပြီး၊ ကြွရောက်လာကြသောဓမ္မမိတ်ဆွေများက အစိုးရပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌကန်ထောင့်ကျောင်း ဆရာတော်အား ရှိခိုးကန့်တော့ကြ၍ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး၊သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်ကို ချီးမြှင့်ပေးတော်မူသည်။
‎ ထို့နောက် ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးထိန်လင်းအောင်ကသာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားပေးကာ ၂၀၂၅ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား ပင်းတယမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ပင်းတယမြို့ ဆွမ်းကွမ်းဆက်ကပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့မိမြို့ဖတို့မှစာအောင် ဆုလက်မှတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့သည်။ယနေ့တွင် ကျင်းပပြုလုပ်သည့် ပင်းတယမြို့နယ် အစိုးရပထမပြန် စာမေးပွဲစူဠဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပင်းတယစာဖြေဌာနမှ စာအောင်သံဃာတော် အကြီးတန်း(၄)ပါး၊အလတ်တန်း(၂)ပါး၊အငယ်တန်း(၁၇)ပါးနှင့်အခြေပြု (၅၆)ပါစုစုပေါင်းသံဃာတော် (၇၉)ပါးရှိကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့