
လားရှိုး ဧပြီ-၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် နိုင်ငံသားအရည်အချင်းပြည့်မီသော နိုင်ငံသားတိုင်း မိမိနိုင်ငံသားဖြစ်တည်မှု အရည်အချင်းအလိုက် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ကိုင်ဆောင်ထားရှိရမည် ဖြစ်သဖြင့် လားရှိုးမြို့နယ်အတွင်းနေထိုင်သူများအား ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဧည့်နိုင်ငံသား လက်မှတ်နှင့် နိုင်ငံသားပြုခွင့်လက်မှတ် တစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိစေရန် ရည်ရွယ်၍ အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဧပြီလ ၂ ရက်နေ့က လားရှိုးမြို့ ရပ်ကွက် (၁)၊ ရပ်ကွက် (၁၀) မြို့ဝမ်ရပ်ကွက်နှင့် ရပ်ကွက် (၁၁) မြို့ဝမ်ရပ်ကွက်တို့ရှိ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများ မွေးရာပါနိုင်ငံသားများ၊ အသက် ၁၀ နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးလက်ဝယ်ရရှိစေရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှုးမျာနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိစေရေး ဆောင်ရွက်ပေးမှုအခြေအနေများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ
ဒုတိယပြည်နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်၊ မြို့နယ်ဦးစီးမှူး ဦကျော်သက်နိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့