
တောင်ကြီး မတ်-၃၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများတာဝန်ရှိသူတို့နှင့်အတူမတ်(၃၀)ရက်ညနေ(၃)နာရီကတောင်ကြီးမြို့၊ မြို့တော်ခန်မး၌ ၁၃၈၇ခုမြန်မာရိုးရာယဉ်ကျေးမှု မဟာင်္သကြန်ပွဲတော်တွင် ကပြယှဉ်ပြိုင်နိုင်ရန် ပြည်နယ်စည်ပင်သာယာရေးဌာနကိုယ်စားပြု ယိမ်းအကအဖွဲ့မှ အကလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သပြေလမ်းထောင့်တွင် ပြည်နယ်လမ်းပန်ဆက်သွယ်ရေးဝန်ကြီးဌာန မဏ္ဍပ်ဆောက်လုပ်နေမှုကိုလည်းကောင်း၊ လမ်းလျှောက်သင်္ကြန်ဆောင်ရွက်မည့်နေရာနှင့်ဗဟိုမဏ္ဍပ်ဆောက်လုပ်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ုကြီးချုပ်၊ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည်ပြိုင်ပွဲဝင်နှင့်ဖျော်ဖြေရေးယိ မ်းအကအဖွဲ့များ နားနေနိုင်ရန် အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းဝန်းအတွင်းသွားရောက် ကြည့်ရှုပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအားမှာကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးများက ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်ချုပ်ပန်းခြံရှေ့တွင် ပြည်နယ်စီးပွါးရေးရာဝန်ကြီးဌာနနှင့် ပြည်နယ်လူမှုရေးဝန်ကြီးဌာနမဏ္ဍပ်၊ ဆိုင်ကယ် Stand တွင် ရှမ်းတောင်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမဏ္ဍပ်၊ ငွေတောင်ဟိုတယ်ရှေ့ဘေးတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီးဌာန မဏ္ဍပ်၊ ပြည်နယ်စိုက်ပျိုးရေးရုံးရှေ့တွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန မဏ္ဍပ် ဆောက်လုပ်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များအား မှာကြားခဲ့ကြကြောင်းသိရှိရသည်။
၁၃၈၇ ခု တောင်ကြီးမြို့၊ မြန်မာရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအကပြိုင်ပွဲ ပါဝင်ယှဥ်ပြိုနိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စားပြု ယိမ်းအကအဖွဲ့၊ တောင်ကြီးတက္ကသိုလ် ယိမ်းအကအဖွဲ့၊ ဆေးတက္ကသိုလ်(တောင်ကြီး) ယိမ်းအကအဖွဲ့၊ ပညာရေးကိုယ်စားပြု ပိတောက်ဒေဝီယိမ်းအကအဖွဲ့၊ ဌာနဆိုင်ရာကိုယ်စားပြု ယိမ်းအကအဖွဲ့နှင့် ရပ်ကွက်အလိုက် ကိုယ်စားပြုယိမ်းအကအဖွဲ့များ ပြိုင်ပွဲပါဝင်ယဉ်ပြိုင်နိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့