တောင်ကြီး မတ်-၂၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မတ်(၂၈)ရက်ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင်းရေးရုံ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်ကျင်းပပြုလုပ်သည့် SHAN STATE VOLLEYBALL LEAGUE 2025 – 2026 ကလပ်ပေါင်းစုံ အမှတ်ပေးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ အမှတ်ပေးချန်ပီယံနောက်ဆုံးပွဲစဥ်အဖြစ် သလဲဦး+မိုင်းသောက်အသင်းနှင့် နန်းပန်+နောင့်တောအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြရာ သလဲဦး+မိုင်းသောက်အသင်းမှ သုံးပွဲတစ်ပွဲဖြင့်အနိုင်ရရှိသွားကြောင်း သိရသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ အဌမဆုရရှိသော ရွာမ+ကလောအသင်း၊ သတ္တမဆုရရှိသော မိုင်းပျိုး+တောင်တိုအသင်းအား ငွေသားဆုကို ရှမ်းပြည်နယ်ဘော်လီဘောဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌတို့ကလည်းကောင်း၊ ဆဌမဆုရရှိသော အင်းပေါခုံ+ကျေးပေါခုံအသင်း၊ ပဥ္စမဆုရရှိသော အင်းယား+ပုန့်မူအသင်း၊ စတုတ္တဆုရရှိသော ရွာသာ+တောင်ပို့ကြီးအသင်းအား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က လည်းကောင်း၊ တတိယဆုရရှိသော နန်းပန်+နောင့်တောအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း(၂၀)ကို ပြည်နယ်သယံဇတရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသော အားကာသိပ္ပံ(တောင်ကြီး)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ကျပ်သိန်း(၃၀)ကို ပြည်နယ်စီးပွားရေးရာဝန်ကြီးက လည်းကောင်း၊ ပထမဆုရရှိသော သလဲဦး+မိုင်းသောက်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ပြည်နယ်လုံခြုံရးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က အသီးသီးချီးမြှင့်ပေးကြသည်။
၎င်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှတ်ပေးချန်ပီယံ ပထမဆုရရှိသော သလဲဦး+မိုင်းသောက်အသင်းအား ငွေသားဆုကျပ်သိန်း(၅၀)နှင့် ဆုဖလားတို့ကို ချီးမြှင့်ပေးကြကြောင်းသိရှိရသည်။
အဆိုပါ SHAN STATE VOLLEYBALL LEAGUE 2025-2026ပြိုင်ပွဲကို ၂၀၂၅ခုနှစ်သြဂုတ်လမှစတင်၍ အသင်း(၁၁)သင်းဖြင့် အမှတ်ပေးစနစ်ဖြင့်ပြိုင်ပွဲကို ၂၀၂၆ခုနှစ်မတ်လအထိ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့