၂၀၂၆ ခုနှစ်၊ မတ် ၁၆ ရက်နေ့ ၀၉:၄၀အချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်း၊ ကျိုင်းတုံတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူမြင့်၊ ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်နော်ရုသ်၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနိုးဝေ၊ ကျိုင်းတုံမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦး‌စောမင်းသူ၊ သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ကွန်ပျူတာတက္ကသိုလ်ဟောင်းအဆောက်အဦနှင့် မြေနေရာအား ပညာရေးဒီဂရီကောလိပ်သို့ လွှဲပြောင်းပေးအပ်နိုင်ရေး လှည့်လည်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်၊၊