
တောင်ကြီး အောက်တိုဘာ-၁၇
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၁၇)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ အိမ်တော်ရှေ့၊ တောင်ကြီးဟိုတယ်ရှေ့ရှိ ထင်းရှူးတောတို့တွင် မြို့သန့်ရှင်းသာယာလှပရေး၊ ခြင်များခိုအောင်းမှုမရှိစေရေးအတွက် ဌာဆိုင်ရာများ၊ ရဲတပ် ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဟိုတယ်ဝန်ထမ်းများ၊ ဒေသခံပြည်သူ များက ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြို့သန့်ရှင်းသာယာလှပရေး၊ ခြင်များ ခိုအောင်းမှု မရှိစေရေးအတွက် ဌာဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဟိုတယ်ဝန်ထမ်းများ၊ ဒေသခံပြည်သူများက တောင်ကြီးမြို့ အိမ်တော်ရှေ့၌ လည်း ကောင်း၊ တောင်ကြီးဟိုတယ်ရှေ့ ထင်းရှူးတော၌ လည်းကောင်း၊ မဲခေါင်ရိပ်သာအနီး၌ လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး(ဟောင်း)၌ လည်းကောင်း၊ ချုံ၊ နွယ်၊ ပေါင်းမြက်များအား စက်ယန္တရားအား၊ လူအားဖြင့် စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုကို ကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့