
တောင်ကြီး စက်တင်ဘာ-၂၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ(၂၆)ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်၌ တက္ကသိုလ်သန့်ရှင်း သာယာလှပရေး အတွက် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများကတက္ကသိုလ်ဝန်းအတွင်း၊အပြင်ရှိချုံနွယ်၊ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုကို ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်တက္ကသိုလ်ဝန်းအတွင်းဓါတုဗေဒအဆောင်၊မဥ္ဇူအဆောင်တို့တွင်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကိုလည်းကောင်း၊မောဧကရီဆောင်နှင့်အမျိုးသမီးအဆောင်တို့တွင်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကိုလည်းကောင်း၊သံလွင်ဦးအမျိုးသားအဆောင်နှင့် အားကစားရုံတို့တွင်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့မှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်တောင်ကြီးမြို့၊ကံကြီး ရပ်ကွက်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦ အထူး အဖွဲ့(၁၁)မှ ပြည်နယ် စာရင်းစစ်ချုပ်ရုံးဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ၊(၄)ထပ်တည်ဆောက်နေမှုကိုသွားရောက်ကြည့်ရှုစစ်ဆေးရာအဆောက်အဦအထူးအဖွဲ့(၁၁)မှလက်ထောက်ညွှန်ကြားရေးမှူးကအဆောက်အဦနှင့်စပ် လျဥ်း၍ရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကအဆောက်အဦအားသတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ပေးကြရန်မှာကြားပြီးလိုအပ်သည်များကိုပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တည်ဆောက်ဆဲ ဝန်ထမ်းအိမ်ရာ အဆောက်အဦနှင့် ရုံးသစ်အဆောက်အဦရှိ ရုံးခန်းများအား လည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့