Select Page

တောင်ကြီး စက်တင်ဘာ ၂၂
အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနှင့် အမျိုးသားရေးလက္ခဏာများ၊ ယဉ်ကျေးမှုအမွေအနှစ်များ မပျောက် ပျက်အောင်ထန်းသိမ်းစောင့်ရှောက်ရေးနှင့် မျိုးဆက်သစ်လူငယ်အနုပညာရှင်များ ပေါ်ထွက်လာစေရန် ရည်ရွယ် ကျင်းပသည့် ၂၀၂၆ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် အောင်နိုင်‌ရေးအလံပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၂၂)ရက်နေ့၊ ညနေပိုင်းက ၊တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းစိုးစိုးထွေး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးပြည်နယ် စာရင်းစစ်ချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြောင်း သိရသည်။
ဆုချီးမြှင့်ပွဲတွင် အဆိုဘာသာရပ် မဟာဂီတတေးနှင့် ခေတ်ဟောင်းကာလပေါ် တေးသီချင်း အဆိုပြိင်ပွဲတွင် ဆုရရှိသူများအား ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က လည်းကောင်း၊ အဆို ဘာသာရပ် အမျိုးဂုဏ်/ဇာတိဂုဏ်မြှင့်တင်ရေးတေးသီချင်း အဆိုပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ် တရားသူကြီးချုပ် ဦးသန်းဦးလွင်ကလည်းကောင်း၊ အကဘာသာရပ်တွင် ဆုရရှိသူ(၃)ဦးအား ရှမ်းပြည်နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်းစိုးစိုးထွေးက လည်းကောင်း၊ ပြိုင်ပွဲအသီးသီးတွင်ဆုရရှိသူများ၊ တိုင်းရင်းသားအကအဖွဲ့များ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ တောင်ကြီးတက္ကသိုလ်နှင့်အခြေခံပညာ၊ ပညာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုဆုငွေများကို ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ၊ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့က ဆုများချီးမြှင့်ပေးအပ်ရာ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုဘာသာရပ်အခြေခံပညာအသက်(၁၅- ၂၀)နှစ်၊ အမျိုးသမီး ခေတ်ဟောင်း ကာလပေါ်တေးဖြင့် ပထမဆုရရှိသော ပြိင်ပွဲဝင်ကလည်းကောင်း၊ ဗဟိုအဆင့်တွင် တိုင်းရင်းသား/ ကျေးလက် အကဖြင့်သွားရောက်ဖျော်ဖြေမည့် တောင်ရိုး တိုင်းရင်းသားအကအဖွဲ့ကလည်းကောင်း၊ အကဘာသာရပ် အခြေခံပညာအသက်(၁၀-၁၅)နှစ်၊ အမျိုးသားအကပြိင်ပွဲတွင် ပထမဆုရရှိသော ပြိုင်ပွဲဝင်တစ်ဦးက လည်းကောင်း၊ အခြေခံပညာ အသက်(၁၅-၂၀)နှစ်အမျိုးသားဆိုင်းဝိုင်းကြီးအဖွဲ့က လည်းကောင်း အတီး၊ အမှုတ်၊ အဆို၊ အကများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကိုကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက အဖွင့်အမှာ စကားပြောကြားပြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရှမ်းပြည်နယ်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များထံသို့ အောင်လံ‌ရေးအလံပေးအပ်ရာ ရှမ်းပြည်နယ်လူမှုရေးရာ ဝန်ကြီး‌ဒေါ် နန်းခမ်းလူ၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခ‌ချုပ် ဒေါက်တာအေးအေးသန့်နှင့် တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့