Select Page

တောင်ကြီး စက်တင်ဘာ-၂၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီးသည်၊ တိုင်းရင်းသားရေးရာဝန်ကြီးများ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသော ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက  ယနေ့ ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားသည် သဘာ ဝဘေးမကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို နားလည်သဘောပေါက်စေရန်၊ သဘာဝဘေးကျရောက်နေစဉ်အတွင်း တုံ့ပြန်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို နားလည်သဘော ပေါက်စေရန်၊ သဘာဝဘေးကျရောက်ပြီးနောက် ပြန်လည်ထူထောင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်း များကို နားလည်သဘောပေါက်စေရန်၊ မိမိနေထိုင်ရာ ရပ်ကွက်/ကျေးရွာအတွင်း သဘာဝဘေး ဖြစ်ပေါ်လာပါက ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရွက်၍ သဘာဝဘေးဒဏ်  ကြံ့ကြံ့ခံ ရင်ဆိုင်တုန်ပြန်ဆောင်ရွက်နိုင်စေရန် စသည့်ရည်ရွယ်ချက်များနှင့်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

            ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးထွန်းက ပြည်နည်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် သင်တန်းတက်ရောက်မည့်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရှ်ရသည်။

            အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းအား သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား(၅၀) ဦးဖြင့် စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက် အထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့