ရှမ်းပြည်နယ်ဝန်ကြီးချုပ် တာချီလိတ်မြို့နယ် TSDP အားကစားပွဲတော် တက်ရောက်ဖွင့်လှစ်ပေး

Mar 20, 2022

တာချီလိတ် မတ် – ၂၀

၂၀၂၂ ခုနှစ် တာချီလိတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ TSDP အစီအစဉ်အရ ကျင်းပပြုလုပ် သည့် အားကစားပွဲ ဖွင့်ပွဲကို မတ်(၂၀)ရက် ညနေ(၃)နာရီက တာချီလိတ်မြို့နယ် အားကစားကွင်း၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ်ဘဏ္ဍာရေးနှစ် အလိုက် မြို့နယ်များကို (TSDP)အားကစားပြိုင်ပွဲများ ကျင်းပရန် အလှည့်ကျရွေးချယ်ပြီး ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ပြီးခဲ့သည့်နှစ်များတွင် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြိုင်ပွဲမကျင်းပဖြစ်ခဲ့ပေမယ့် ဒီနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ စည်းကမ်းများနှင့်အညီ တာချီလိတ်မြို့နယ် (TSDP) အားကစားပွဲတော်ကို ပထမဆုံး အကြိမ် ပြန်လည်ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ် Township Sports Development Program (TSDP) အစီအစဉ်အရ ကျင်းပပြုလုပ်သည့် တာချီလိတ်မြို့နယ် (TSDP) အားကစားပွဲ ဘောလုံး၊ ဘော်လီဘော၊ ဖူဆယ်မီနီ မာရသွန်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ စနူကာ၊ ပိုက်ကျော်ခြင်း၊ အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် အားကစားသမား မောင်မယ်များသည် ပြိုင်ပွဲကြီး ကျင်းပသည့် ရည်ရွယ်ချက်များအတိုင်း အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလောက တိုးတက်ဖွံ့ဖြိုးရေး၊ ပြည်ထောင်စုစိတ်ဓါတ် မျိုးချစ်စိတ်ဓါတ်များ ရှင်သန် ထက်မြက်ရေး၊ နိုင်ငံတော်၏ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ရေးတို့အတွက် ထူးချွန်သည့် အားကစားသမား ကောင်းများ ဖြစ်အောင် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွားကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ် ဝန်ကြီး များနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ၍ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များမှ တင်ဆက်ကပြ ဖျော်ဖြေကြပြီး ပြည်နယ် ဝန်ကြီးချုပ်မှ ဂုဏ်ပြုငွေများ ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းတို့က တာချီလိတ်ခရိုင်နှင့် မြို့နယ်များသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကြပြီး ကလပ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဆန်ဆိုင်းအော်တိုအသင်းနှင့် လားဟူလူငယ်အသင်း ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482