
ရှမ်းပြည်နယ်အစိုးရအဖွဲ့က နောင်ခမ်းအောင်ဆုပန် ပရဟိတဘုန်းတော်ကြီး ပညာသင်ကျောင်းသို့ ဆွမ်းဆန်နှင့်အလှူငွေများ ပေးအပ်လှူဒါန်း
တာချီလိတ် မတ် – ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် နောင်ခမ်းအောင်ဆုပန် ပရဟိတဘုန်းတော်ကြီး ပညာသင် ကျောင်းသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆွမ်းဆန်အိတ်(၅၀)နှင့် အလှူငွေများ လှူဒါန်းခြင်းကို မတ်(၂၀)ရက် နံနက်(၁၁)နာရီက အဆိုပါဘုန်းကြီးကျောင်းသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူးတို့က လှူဖွယ်ပစ္စည်းများ ဆွမ်းဆန်များနှင့် နဝကမ အလှူငွေကျပ်သိန်း(၂၀)တို့ကို ကျောင်းထိုင်ဘုန်းတော်ကြီးအား ဆက်ကပ်လှူဒါန်းပေးကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဆွမ်းဆန်များ ဆက်ကပ်လှူဒါန်းပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တာချီလိတ် နဂါးနှစ်ကောင် ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော်အား ဖူးမျှော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တိုင်းမှူးတို့က လှူဖွယ်ပစ္စည်းများနှင့် နဝကမအလှူငွေ ကျပ်သိန်း(၂၀) ဆက်ကပ်လှူဒါန်းပေးကြပြီး ဆရာတော်မှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့