ကွန်ဟိန်းမြို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပြီးစီး

Aug 20, 2014

တောင်ကြီး သြဂုတ် – ၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား မရရှိ သေးသည့် ဒေသများသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၆၆ကေဗွီ ခိုလန်-ကွန်ဟိန်း ဓာတ်အားလိုင်းနှင့် ၆၆/၁၁ကေဗွီ၊ ၅အမ်ဗွီအေ ကွန်ဟိန်းဓာတ်အားခွဲရုံတို့အား ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် စတင်တည်ဆောက်ပါသည်။

(၂၆-၇-၂၀၁၄)ရက်နေ့တွင် ၆၆ကေဗွီ ခိုလန် – ကွန်ဟိန်းဓာတ်အားလိုင်းမှ ၆၆/၁၁ကေဗွီ၊ ၅အမ်ဗွီအေ ကွန်ဟိန်း ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ခဲ့ပြီး ဓာတ်အားကောင်းစွာရရှိသဖြင့် (၂၇-၇-၂၀၁၄)ရက်နေ့တွင် ကွန်ဟိန်းမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ၀.၄ ကေဗွီ ဓာတ်အားလိုင်းမှ တစ်ဆင့် ဓာတ်အား ကောင်းမွန် တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင် ပါသည်။

သို့ဖြစ်ပါ၍ ၆၆/၁၁ ကေဗွီ၊ ၅အမ်ဗွီအေ ကွန်ဟိန်းဓာတ်အားခွဲရုံမှ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အားကောင်းမွန်စွာ ဖြန့်ဖြူးထားပါကြောင်း သိရှိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

အရှေ့မြို့ပတ်လမ်း၊ အိမ်တော်လမ်းနှင့် ရုံးကြီးလမ်းထောင့်၊သစ်တောရပ်ကွက် တောင်ကြီးမြို့။

Shntggy@gmail.com

081-2125482