တောင်ကြီး ဧပြီ-၂၉
(၃၉)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်းဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ် မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများကျင်းရေးနှင့်ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများနှင့်ဓါတုပစ္စည်းများမီးရှို့ဖျက်ဆီးခြင်းအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဧပြီ(၂၉)ရက်မွန်းလွဲ(၁)နာရီကတောင်ကြီးမြို့၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအ စည်းအဝေးခန်းမ၌ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကပြောင်းလဲလာသော နည်းပညာများအရမူးယစ်ဆေးဝါးများသည်အသစ်အဆန်းတီထွင်ထုတ်လုပ်လာကြသည်ကိုတွေ့ရပါကြောင်း၊လူငယ်များအတွက်အလွန်အန္တရာယ်များပြီးထုတ်လုပ်မှု၊သယ်ဆောင်ရောင်းဝယ်မှု၊သုံးစွဲမှုလွယ်ကူပြီးအမြတ်အစွန်းများများရသည့်မူးယစ်ဆေးဝါးအသစ်များကိုလည်းနေရာဒေသအနှံ့တွင်အများအပြားဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း၊မူးယစ်ဆေးဝါးအသစ်ဖြစ်သည့် Happy Water ၊ကတ်တမင်းလိုဆေးဝါးအသစ်များကိုလူငယ်များအကြားရေပန်းစားလျက်ရှိပြီးကျား/မမရွေး၊အ သက်အရွယ်မရွေးKTVBarနှင့်ကလပ်များတွင်တွင်တွင်ကျယ်ကျယ်သုံးစွဲလျက်ရှိသည်ကိုတွေ့ရပါကြောင်း၊မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်းများသည်လည်းရှမ်းပြည်နယ်ဘက်မှအဓိကထွက်ရှိတာဖြစ်ပြီးမူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့်ထိန်းချုပ်ဓာတုပစ္စည်းများသည်လည်းရှမ်းပြည်နယ်ဘက်ကိုအများဆုံးတင်ပို့နေမှုကိုတွေ့ရှိရပါကြောင်း၊ ဇွန်(၂၆)ရက်နေ့အထိမ်း အ မှတ်ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲများနှင့်ဖမ်းဆီးရမိမူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးပွဲအခမ်းအနားကိုယခင်နှစ်များနည်းတူအောင်မြင်စွာကျင်းပပြုလုပ်သွားနိုင်ရေးအတွက်သက်ဆိုင်ရာဌာနဆိုင်ရာများပါဝင်သည့်ဆပ်ကော်မတီအသီးသီးကိုလည်းဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်၍ဆပ်ကော်မတီအသီးသီးမှတာဝန်ရှိသူများကအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက်အကြိုလုပ်ငန်းညှိ နှိုင်းအစည်းအဝေးမှာလိုအပ်ချက်များ၊အကြုံပြုချက်များနှင့်ယခင်နှစ်များကဆောင်ရွက်ခဲ့သည့်အား နည်း ချက်၊အားသာချက်များအားဆွေးနွေးတင်ပြပေးကြရန်ပြောကြားသည်။
ထို့နောက်ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်းကဆွေးနွေးတင်ပြပြီးအတွင်းရေးမှူးရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးချုပ်ကျော်ကျော်ဟန်ကယခင်နှစ်မီးရှို့ဖျက်ဆီးပွဲအခမ်းအနားပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ယခုနှစ်အခမ်းအနားဆောင်ရွက်မည့်အစီအမံအားရှင်းလင်းတင်ပြသည်။
ယင်းနောက်ဆပ်ကော်မတီအသီးသီးမှတာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်မည့်အစီအမံများအားရှင်းလင်းတင်ပြကြပြီးအထွေထွေဆွေးနွေးကြကာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေး၍ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့