
မိုင်းရယ် မေ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီတွင် ဖြစ်ပွားတတ်သည့် လေပြင်းဘေး အန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၉ နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။
ထိုသို့ပြုလုပ်ရာတွင် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာနှင့် မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူး ဦးသီဟစိုးတို့က မကြာမီမိုးတွင်းကာ လရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မိုးရာသီတွင်ဖြစ်ပွားတတ်သည့် လေပြင်းဘေးအ တွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ လေပြင်းတိုက်ခတ်စဉ်မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာ ခြင်းများဖြစ်ပေါ်ပါက သတိပြုလိုက်နာရမည့်အချက်များ၊ လေပြင်းတိုက်ခတ်နေစဉ် သတိပြု လိုက်နာရမည့်အချက်များ၊ လေပြင်းတိုက်ခတ်ပြီးနောက် ဆောင်ရွက်ရမည့်အချက်များနှင့် မီး သတ်ဦးစီးဌာနအနေဖြင့် မြိုနယ်အတွင်း လေပြင်းဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့