ရပ်စောက် မေ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ‌ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ဦးစွာအခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးဘကျော်တင်၊ အမျိုးသားလွှ‌တ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းစိုးနိုင်(ပ/၅၆၂၇)တို့က အမှာစကားများအသီးသီးပြောကြားခဲ့ကြသည်။ ထို့နောက် ညောင်ရွှေ မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်မို့မို့အေးက ချေးငွေကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး‌ ‌ရပ်စောက်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှတောင်သူများအား စိုက်ပျိုး စရိတ်ချေးငွေများကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြသည်။
ရပ်စောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ရပ်စောက် မြို့နယ်ရှိ ကျေးရွာ/ ရပ်ကွက် (၃) အုပ်စု မှ တောင်သူ (၂၄၄) ဦး၏ လယ်ဧရိယာ စပါး(၃၀၅) ဧက၊ ပြောင်း (၁၂၁၉) ဧက စုစုပေါင်း (၁၅၂၄) ဧကအတွက် ငွေကျပ် (၃၉၆၂.၅၀) သိန်းကို ထုတ်ချေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခမ်းအနားသို့ စုစုပေါင်းအင်အား(၅၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့