ရက် စွဲ၊ ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ ရက်

(၈-၄-၂၀၂၆)ရက်နေ့၊ (၁၀၀၀)အချိန် လင်းခေးမြို့၊ “နွယ်ဝတီ”ခန်းမ၌ ၁၃၈၇ခု၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်(ဗဟိုမဏ္ဍပ်)၌ သင်္ကြန်အကြိုနေ့ ဖွင့်ပွဲအခမ်းအနား စည်ကားသိုက် မြိုက်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်ယိမ်းများ၊ ဖျော်ဖြေရေးယိမ်းအဖွဲ့တို့မှ “မန်းတောင်ရိပ်ခို” သီချင်းဖြင့် ကပြလေ့ကျင့်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးမင်းထက် နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပြိုင်ပွဲဝင် စည်းကမ်းချက် များတို့ကို အသေးစိတ်ချပြရှင်းလင်းခဲ့ပြီး ယိမ်းအဖွဲ့များ ကပြလေ့ကျင့်မှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့