ဖယ်ခုံ မေ-၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ မေ(၈)ရက်နံနက်(၁၀)နာရီက ကလောခရိုင်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဘေးမဲ့ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံ နေရပ်ပြန်ပြည်သူများအား စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပြည်သူများနေရပ်ဒေသကို ပြန်လည်နေထိုင်သည့်အခါတွင် စားဝတ်နေရေးများ အခက်အခဲရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် မိတ်ဘက်အဖွဲ့အစည်းများက ဆောင်ရွက်သည့်အခါ ပြည်သူများကလည်း ပါဝင်ဆောင်ရွက် ပေးကြရန်လို အပ်ပါကြောင်း၊ အစိုးရအဖွဲ့နေဖြင့်လည်း လိုအပ်အပ်ချက်များကို ဆောင်ရွက်ပေးသွားမည့်ဖြစ်ပြီး အားလုံးကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်အေးချိုစိန်က နေရပ်ပြန်ပြည်သူများအား ကယန်းဘာသာစကားဖြင့် ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးက အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။
၎င်းနောက် နေရပ်ပြန်ပြည်သူများအား စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က နေရပ်ပြည်သူများအား ပေးအပ်ခဲ့ကြောင်းသိရသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နေရပ်ပြန်ပြည်သူများအတွက် ဆောင်ရွက်ပြီးစီးသည့် ပုံစံ(၆၆/၆) အိမ်ထောင်စုဇယား၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နေရပ်ပြန်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖယ်ခုံမြို့၊ မြို့နယ်ခန်းမတွင် နေရပ်ပြန်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦး စိုင်းထိန်စိုးကဖယ်ခုံမြို့နယ်သည် ယခင်ကရေထွက်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်သည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ယခုအခါ ဒေသပြန်လည်အေးချမ်းလာပြီး ပြန်လည်အခြေချနေထိုင်သည့်အခါ အခက်အခဲများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှ မိမိဒေသအေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ နယ်မြေဒေသအေးချမ်းတည် ငြိမ်ရေးအတွက် နိုင်ငံတော်က မူဝါဒချများမှတ် ဆောင်ရွက်ပေးနေသလို ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသရှိအဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် နေရပ်ပြန်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများက ပေးအပ်ရာနေရပ်ပြန်ပြည်သူများမှ အသီးသီးလက်ခံရယူကြပြီး နေရပ်ပြန်ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချူပ်နှင့်အဖွဲ့သည် ဖယ်ခုံပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုဆေးစစ်ဆေးရာ တာဝန်ခံဆေးရုံအုပ်ကြီးက ဆေးရုံအတွက်လိုအပ်ချက်များတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြား၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှူစစ်ဆေး၍ တာဝန်ထမ်းဆောင်နေသော ဆရာ၊ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖယ်ခုံမြို့ရှိ ရွှေဓမ္မာရုံကြီးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော်ဦးသူရိယအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္တုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ဖယ်ခုံမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက် ကြည့်ရှုစစ်ဆေးရာ ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျောင်း၏လိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြား၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖယ်ခုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နေရပ်ပြန်ပြည်သူများအား ပုံစံ(၆၆/၆) အိမ်ထောင်စုဇယား၊ နိုင်ငံရေးစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံကျော်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးတို့က ဆောင်ရွက်ပြီးစီးသွားသည့် ပုံစံ(၆၆/၆) အိမ်ထောင်စုဇယားနှင့် နိုင်သားစိစစ်ရေးကဒ်ပြားများကို ပြည်သူများအားပေးအပ်ခဲ့ကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဆောင်းပြောင်းပြည်သူ့ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီးနှင့်ကျောင်းအုပ်ဆရာမကြီးတို့က ဆေးရုံနှင့်ကျောင်းအတွက် လိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကိုဖြည့်စွက်မှာကြား၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့