
တောင်ကြီး ဇွန်-၁၁
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲကို ဇွန်(၁၁)ရက် နံနက်(၈)နာရီက အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌန ဒုတိယကြီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများမှ အားကစားနည်းအလိုက် ဂါရဝပြုမိတ်ဆက် ကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး နှင့်အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တို့ကအဖွင့်အမှာစကားပြောကြားပြီးရှမ်းပြည်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက သင်တန်းအတွက် ထောက်ပံ့စရိတ်နှင့် အားကစားပစ္စည်းများပေးအပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး အလှူရှင်များမှ ပေးအပ်လှူဒါန်းပေးကြသော အလှူငွေများကို ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်က လက်ခံရယူပေး၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုဆက်ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော အထောက်အကူပြု အားကစားပစ္စည်းများအား လှည်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး