
တောင်ကြီး ဇွန်-၁
ကျောက်နီမွေးမြူရေးဇုန်တွင်လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဇွန်(၁)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဦးစီးဌာနပိုင်(ကျောက်နီစိုက်ကွင်း)အတွင်း နွားမွေးမြူရေးဇုန်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။
ဦးစွာ မွေးမြူရေးဇုန်ရှင်းလင်းဆောင်ခန်းမတွင် ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ မွေးမြူရေးနှင့်မွေးမြူရေးဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း တိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက မွေးမြူရေးလုပ်ငန်းရှင်များအား လုပ်ငန်းများပိုမိုတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် သက်ဆိုင်ရာဌာနများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက် တက်ရောက်လာသည့်မွေးမြူရေးလုပ်ငန်းရှင်များမှ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုတို့အား အသီးသီးရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လုပ်ငန်းရှင်ဦးအောင်အောင်သန်း မွေးမြူထားသော နို့စားနွားရုံနှင့် SUPER SEVEN STARS AGRI TECH CO.,LDT မှ နို့စားနွားမွေးမြူရေးရုံ၊ နို့ညစ်စက်ရုံ၊ ချဥ်ဖက်ကန်တည်ဆောင်နေမှုတို့ကို လှည့်လည့်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး