
တောင်ကြီး မေ-၂၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မေ(၂၃)ရက် နံနက်(၈)နာရီက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် တောင်ကြီးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများ ၊တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများက ကျောင်းဝင်းအတွင်း၊အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် မြောင်းများအတွင်း အမှိုက်များဆည်ယူခြင်း၊ စာသင်ဆောင်အတွင်း၊ အပြင် သန့်ရှင်းရေးများဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများမှ ကျောင်း၏လိုအပ်ချက် တင်ပြမှုအပေါ် ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၁၉) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်း၌ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေခံပြည်သူများမှ ကျောင်းဝင်းအတွင်း၊ အပြင်ရှိ ချုံနွယ်၊ မြတ်များ၊ အမှိုက်များ၊ ရေစီးရေလာကောင်းမွန်ရေးအတွက် မြောင်းအတွင်းအမှိုက်များ ဆည်ယူခြင်း၊ စာသင်ဆောင်အတွင်း၊ အပြင် သန့်ရှင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများမှ ကျောင်း၏လိုအပ်ချက်တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး