ကာလိ မေ-၁၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးသည်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံကျော်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများနှင့်အတူမေ(၁၅)ရက်မွန်းလွဲ(၂)နာရီခွဲကရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့နယ်၊ကာလိမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်၍ဆေးရုံရှိတာဝန်ကျဝန်ထမ်းများနှင့်တွေ့ဆုံရာဆေးရုံအုပ်ကြီးမှဆေးရုံအတွက်လိုအပ်ချက်များရှင်းလင်းတင်ပြရာပြည်နယ်ဝန်ကြီးချုပ်ကတင်ပြမှုအပေါ်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးကာလိဆေးရုံတွင်ဆေးကုသမှုခံယူလျက်ရှိသည့်မွေးဖွားမိခင်များအားအာဟာရပြည့်စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ထို့မှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ကွန်ဟိန်းမြို့နယ်ဝိန်နန်းကျေးရွာတွင်ဒေသထွက် ရှမ်းစက္ကူလုပ်ငန်းအားသွားရောက်ကြည့်ရှုကြကြောင်းသိရသည်။
၎င်းနောက်မေ(၁၆)ရက်နံနက်(၇)နာရီခွဲကနမ့်စန်ခရိုင်၊မြို့နယ်ခန်းမ၌ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့သည်တာဝန်ရှိသူများနှင့်အတူလွှတ်တော်ကိုယ်စားလှယ်များ၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်မိရပ်ဖများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင်နမ့်စန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသက်နိုင်ကအုပ်ချုပ်ရေး ၊စီးပွားရေး၊လူမှုရေးဆိုင်ရာကိစ္စရပ်များရှင်းလင်းတင်ပြပြီးလွှတ်တော်ကိုယ်စားလှယ်အသီးသီးက နမ့်စန်ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များတင်ပြကြသည်။
ယင်းနောက်အထွေထွေဆွေးနွေးကြရာပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ဌာနဆိုင်ရာတာဝန်ရှိသူများကဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဥ်း၍ဆွေးနွေးတင်ပြကြပြီးရှမ်းပြည်နယ်ဝန်ချုပ်ဦးစိုင်းထိန်စိုးကဒေသဖွံ့ဖြိုးရေးအတွက်လုပ်ငန်းလိုအပ်ချက်များတင်ပြမှုအပေါ်သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်နမ့်စန်မြို့နယ်၊ဝမ်ပုံကျေးရွာတွင်ဆိုင်ခမ်းနော် အသားတိုးဝက်မွေးမြူရေးခြံသို့သွားရောက်ကြည့်ရှုစစ်ဆေးရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှတာဝန်ရှိသူတစ်ဦးကမွေးမြူရေးခြံနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာ ဝန်ရှိသူများသည်မွေးမြူထားသောအသားတိုးဝက်ခြံအားကြည့်ရှု၍ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးက မွေးမြူရေးပိုင်ရှင် ဒေါ်နန်းမတ်အားဝက်အားတိုးဆေးများကိုာထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက်နမ့်စန်မြို့နယ်၊နမ့်စန်ကျေးရွာအုပ်စုတွင်မိုးသီးနှံအတွက်မျိုးစေ့၊မြေသြဇာချီးမြှင့်ထောက် ပံ့ပေးအပ်ခြင်းနှင့်ပဲပုပ်သီးနှံစံပြကွက်ကွင်းပြပွဲအခမ်းအနားသို့ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီးပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကစားသုံးဆီနှင့်ဆန်ဖူလုံရေးကိုဆောင်ရွက်လျက်ရှိရာတောင်သူများကလည်းစိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းကောင်းအောင်ကြိုးစားဆောင်ရွက်ပေးကြရန်ပြောကြားသည်။
၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကတောင်သူများ အားမျိုးစေ့၊မြေသြဇာများထောက်ပံ့ပေးအပ်ခဲ့ကြပြီးစိုက်ပျိုးရေးဦးစီးဌာနမှပြသထားသောမျိုးစေ့များနှင့်တောင်သူဦးစိုင်းနော်မိန်းစိုက်ပျိုးထားသောပဲပုပ်စိုက်ခင်း(၅)ဧကအားကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ထို့မှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌လွှတ်တော်ကိုယ်စားလှယ်များ၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်မိရပ်ဖများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ကြသည်။
အခမ်းအနားတွင်လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဥဦးကြည်မြင့်က လွိုင်လင်ခရိုင်၏အုပ်ချုပ်ရေး၊စီးပွားရေး၊လူမှုရေးဆိုင်ရာကိစ္စရပ်များကိုရှင်းလင်းတင်ပြပြီးတက်ရောက်လာသည့်ဌာနဆိုင်ရာများမှဆွေးနွေးတင်ပြကြသည်။
၎င်းနောက်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးကဒေသဖွံ့ဖြိိုးရေးအတွက်လိုအပ်ချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး၍ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးကဒေသဖွံ့ဖြိုးရေးအတွက်လုပ်ငန်းလိုအပ်ချက်များအပေါ်သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဥဦးစိုင်းထိန်စိုးနှင့်အဖွဲ့သည်လွိုင်လင်ခရိုင်သာသနာ့ဗိမာန်ဓမ္မာရုံတွင်ပြည်ထောင်စုအစိုးရအဖွဲ့၏ရက်ပေါင်း(၁၀၀)အတွင်းဆောင်ရွက်မည့်၂၀၂၆ခုနှစ်မိုးရာသီစိုက် ပျိုးစရိတ်ချေးငွေပေးအပ်ပွဲသို့တက်ရောက်၍ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကတောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းတိုးမြှင့်ရရှိစေရေးအတွက်စိုက်ပျိုးပေးကြရန်နှင့်လိုအပ်သည့်နည်းပညာများကိုစိုက်ပျိုးရေးဥဦးစီးဌာနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရရွက်ပေးကြရန်ပြောကြား သည်။
ဆက်လက်၍တောင်သူများအားစပါးတစ်ဧကလျှင်ကျပ်(၃)သိန်းနှုန်းဖြင့်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကချေးငွေများပေးအပ်ရာတောင်သူအသီးသီးမှလက်ခံရယူကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့