တောင်ကြီး ဧပြီ-၁၃
ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဧပြီ(၁၃)ရက်နံနက်(၇)နာရီက တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော် ဓမ္မာရုံ၌ ကျင်းပသော ၁၃၈၈ခုနှစ်၊ နှစ်သစ်ကူးအသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားသို့တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ရွှေဘုန်းပွင့်စေတီတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အခမ်းအနားကို ဆရာတော်၊ သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်ကျောင်းတိုက်မှ အရှင်တိလောကက ရောင်ခြည်တော်ဖွင့် ဂါထာဖြင့်ဘုရားပင့်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်သြဝါဒါစရိယ၊ တောင်ကြီးမြို့၊ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသဆရာတော်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွါးချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များနာယူကြည်ညိုကြသည်။
ယင်းနောက် တောင်ကြီးမြို့၊ သိမ်တောင်ကျောင်းတိုက် အရှင်မာဏဝက ကပဋ္ဌာန်းတရားနာကြားရန် နတ်ဗြဟ္မာများအား ပင့်ဖိတ်ပေးပြီး ဆရာတော်သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ထို့နောက် တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကြပြီး တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက်မှ အရှင်မာဏဝက ပဋ္ဌာန်းအမွှန်းဖတ်ကြားပူဇော်၍ ဆရာတော်သံဃာတော်များနှင့် ပရိတ်သတ်များအားလုံးက ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်(အကျဥ်း)ကို ရွတ်ဖတ်ပူဇော်၍ ဘာဏကသံဃာတော်များက ပဋ္ဌာန်းကျမ်းမြတ်ဒေသနာတော်ကို အလှည့်ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့