တောင်ကြီး ဧပြီ-၁၃
ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဧပြီ(၁၃)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်ရုံးအနီးရှိ ဗဟိုမဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန် အခမ်းအနားသို့ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး က ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် ယခင်နှစ်များထက် ပိုမိုထူးခြားစွာ သနပ်ခါးသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ လက်ဖက်သင်္ကြန်နှင့် ထမနဲသင်္ကြန်များ ထည့်သွင်းထားသည့်အတွက် ပိုမိုစည်ကား၍ မြန်မာ့ရိုးရာယဥ်ကျေးမှုကိုလည်း ပေါ်လွင်အောင်ပြသနိုင်မှာဖြစ်ကြောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းမှာ ပါဝင်ခြင်းအားဖြင့် ပုဂံခေတ်ကာလမှယနေ့အထိ ခေတ်အဆက်ဆက်မှ လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသည့် မြန်မာတို့၏ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာက ပိုမိုသိရှိလာစေမှာဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ မြန်မာ့ရိုးရာမဟာအတာတောင်ကြီးသကြင်္န်ဗဟိုမဏ္ဍပ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လျှပ်စစ်၊စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အတာရေပက်ဖျန်းပေးကြသည်။
ထို့နောက် ၂၀၂၆ခုနှစ်၊ တောင်ကြီးမြို့မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာအတာသကြင်္န်ပွဲတော်၊ လမ်းလျှောက်သကြင်္န်မုခ်ဦးကို ပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်သယံဇတနှင့် သဘာဝပတ်ဝန်းကျင် ညထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းလျှောက်သင်္ကြန်ကို ဆင်နွဲ၍လည်းကောင်း၊စတုဒီသာမဏ္ဍပ်တွင် ထမနဲနှင့်မုန့်လုံးရေပေါ်၊ လက်ဖက်သင်္ကြန်များကို ဆင်နွဲ၍လည်းကောင်း၊ သနပ်ခါးသင်္ကြန်တို့ကိုပါ ဝင်ဆင်နွဲကြကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့